●စစ်ကောင်စီတပ်သားအချို့ကိုဖမ်းဆီးနိုင်ခဲ့ပြီးလက်နက်ခဲယမ်းများလည်းသိမ်းဆည်းရရှိ၊စစ်ကားလေးစီးကိုဖျက်ဆီး
ကရင်နီ(ကယား)ပြည်နယ်တွင် စစ်ကောင်စီယာဥ်တန်းကို ကရင်နီပြည်နယ်ရှိပူးပေါင်းတပ်များကတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂၀ ဦးခန့်သေဆုံးကာအချို့ကိုအရှင်ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိကြောင်း Kayah Li Phu Channel က ထုတ်ပြန်သည်။
တိုက်ပွဲမှာ ယနေ့(မေ ၇ ရက်) ကဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲ ဖြစ်စဥ်နေရာကိုမူ ဖော်ပြမထားပေ။ ကရင်နီတပ်မတော်-KA နှင့် KNDF ပူးပေါင်းတပ်ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဒေသတွင်း သတင်းဌာနတစ်ခုဖြစ်သော ကန္တာရဝတီတိုင်းမ်ကဖော်ပြသည်။ဖရူဆိုမြို့နယ်တစ်နေရာတွင် ဖြစ်ကြောင်းဒေသခံအချို့ကပြောသော်လည်းသီးခြားအတည်မပြုနိုင်သေးပါ။
သေဆုံးနေသည့်စစ်ကောင်စီတပ်သားအလောင်းများနှင့် ဒဏ်ရာ ရရှိသော စစ်ကောင်စီတပ်သားတစ်ဦးကို ဗီဒီယိုဖိုင်၌ တွေ့ရှိရသည်။အလားတူ စစ်ကောင်စီတပ်ကားလေးစီး ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ကိုလည်းတွေ့ရသည်။
ယခုတိုက်ပွဲ မှတ်တမ်း၏ အသေးစိတ်အချက် အလက်များ သိရှိနိုင်ရန် ကရင်နီတပ်ပေါင်းစုများထံ People's Spring အနေဖြင့် ဆက်သွယ်နေဆဲ ဖြစ်သည်။
ယခုလ ၄ ရက်ကလည်း ဘောလခဲမြို့နယ်၌ အကြမ်းဖက်စစ်ကောင်စီယာဥ်နှစ်စီးကို ကရင်နီတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ပြီး ခဲယမ်းအချို့ရရှိကာ စစ်ကားနှစ်စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။
People's Spring
No comments:
Post a Comment