မူဆယ် ၁၀၅ မိုင်တွင် ပေါက်ကွဲမှုဖြစ် ကားသမား ၃ ဦး ထိခိုက်ဒဏ်ရာရ

Photo ~ Crd

May 2,2022

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင်အောက် မောင်းတံနားရှန်တိန်နေရာတွင် မေလ ၁ ရက်နေ့ နံနက် ၁၀ ရီ ဝန်းကျင်ခန့်တွင် ပေါက်ကွဲမှုဖြစ်ခဲ့တာ‌ကြောင့် ကားသမား ၃ ဦး ထိခိုက် ဒဏ်ရာရကြောင်း ဒေသခံများမှ သိရသည်။

"ခေါက်တိုသမား ၂ ယောက် ထိတယ်။ ရှန်တိန်သမား ၁ ယောက်ထိတယ်။ ၃ ယောက်ထိတာပေါ့။ ဒါပေမယ့် အရမ်းစိုးရိမ်စရာမလိုဘူး" ဟု လူမှုကူညီရေးနှင့် နီးစပ်သူ ၁ ဦးကပြောသည်။

၁၀၅ မိုင် ကုန်သွယ်ရေးဇုံအနီး ပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်‌သော်လည်း ကားသမားများ အလုပ်လုပ်သည့်နေရာတွင်  ပေါက်ကွဲမှု မရှိခဲ့ဘဲ ယခုအကြိမ်သည် ပထမဆုံးဖြစ်ကြောင်း သိရသည်။

မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီတပ်၊ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များဖြစ်ကြသော KIA ၊ TNLA ၊ SSPP/SSA နှင့် PDF တို့ သွားလာလှုပ်ရှားသော နေရာများဖြစ်သည်။


Kachin News Group 

မူဆယ် ၁၀၅ မိုင်တွင် ပေါက်ကွဲမှုဖြစ် ကားသမား ၃ ဦး ထိခိုက်ဒဏ်ရာရ မူဆယ် ၁၀၅ မိုင်တွင် ပေါက်ကွဲမှုဖြစ် ကားသမား ၃ ဦး ထိခိုက်ဒဏ်ရာရ Reviewed by THITHTOOLWIN on 21:48 Rating: 5

No comments:

Powered by Blogger.