မင်းအောင်လှိုင်တက်ရောက်ဖွင့်လှစ်ပေးသော ပြန်ကြားရေး၏ ဝါဒဖြန့်အက်ပလီကေးရှင်းကို Apple နှင့် Google တို့ ဖယ်ရှား

ဓာတ်ပုံ - The Global New Light Of Myanmar

အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့်ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်လုပ်သည့် အက်ပလီကေးရှင်းကို Apple ၏ App store နှင့် Google ၏ Play store တို့က ဖယ်ရှားလိုက်ကြောင်း Justice for Myanmar က ထုတ်ပြန်သည်။

စစ်ရာဇဝတ်မှုများကျူးလွန်နေသူ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ယမန်နေ့က နေပြည်တော် MICC ခန်းမ၌ ၎င်းတို့၏ ဝါဒဖြန့်မိုဘိုင်းအက်ပလီကေးရှင်းကို မိတ်ဆက်ဖွင့်လှစ် ခဲ့ပြီး တစ်ရက်အကြာတွင် အထက်ပါ အက်ပလီကေးရှင်း store နှစ်ခုစလုံးက ဖယ်ရှားခဲ့ခြင်းဖြစ် သည်။

အမေရိကန် Apple နှင့် Alphabet(Google ၏ မိခင်ကုမ္ပဏီ)တို့အနေဖြင့် ၎င်းတို့၏ ပလက်ဖောင်းများနှင့် ဝန်ဆောင်မှုပေးနေမှုများမှ မြန်မာစစ်တပ်နှင့် စစ်တပ် ထိန်းချုပ်သောအဖွဲ့အစည်းအားလုံးကို အပြည့်အ၀ပိတ်ဆို့တားမြစ်ရန် တောင်းဆိုမှုကို ထပ်လောင်းအတည်ပြုကြောင်း JFM က ထုတ်ပြန်သည်။

စစ်ကောင်စီသည် ၎င်း၏ ဝါဒဖြန့် MRTV မှတဆင့် မြန်မာပြည်သူလူထုကို စိတ်ပိုင်းဆိုင်ရာ စစ်ဆင်ရေးအစိတ်အပိုင်းတစ်ရပ်အဖြစ် သတင်းအမှားများ၊ အမုန်းစကားများကို ဖြန့်ဝေနေသည်။


People's Spring 

မင်းအောင်လှိုင်တက်ရောက်ဖွင့်လှစ်ပေးသော ပြန်ကြားရေး၏ ဝါဒဖြန့်အက်ပလီကေးရှင်းကို Apple နှင့် Google တို့ ဖယ်ရှား မင်းအောင်လှိုင်တက်ရောက်ဖွင့်လှစ်ပေးသော ပြန်ကြားရေး၏ ဝါဒဖြန့်အက်ပလီကေးရှင်းကို Apple နှင့် Google တို့ ဖယ်ရှား Reviewed by THITHTOOLWIN on 00:00 Rating: 5

No comments:

Powered by Blogger.