ပြည်သူ့စစ်သားစစ်လက်နက်ထုတ်လုပ်ရေးတပ်ဖွဲ့က Aircraft Bombများ ထုတ်လုပ်နေပြီဖြစ်ပြီး မကြာမီဖြန့်ဝေပေးမည်ဟုထုတ်ပြန်

ဓာတ်ပုံ - ပြည်သူ့စစ်သားလက်နက်ထုတ်လုပ်ရေးအဖွဲ့

မေလ ၅ ရက်

CDM တပ်မတော်သားများဖြင့်ဖွဲ့စည်း၍ လက်နက်များထုတ်လုပ်နေသည့် ပြည်သူ့စစ်သားလက်နက် ထုတ်လုပ်ရေးတပ်ဖွဲ့က Project Falcon ဟုအမည် ပေးထားသည့် Aircraft Bomb  များကို အမြောက်အမြားထုတ်လုပ်ပေးနေပြီ ဖြစ်ကြောင်း အဆိုပါအဖွဲ့ကထုတ်ပြန်သည်။

ပြည်သူ့စစ်သားစစ်လက်နက်ထုတ်လုပ်ရေးတပ်ဖွဲ့အနေဖြင့် Modern Warfare များတွင် အသုံးပြုနေကြသည့်  PDFနှင့်မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များ အတွက် စိတ်ချမှုအဖြစ်ဆုံး၊ ထိရောက်မှုကောင်းကောင်းဖြင့် စစ်ကောင် စီကို ခြိမ်းခြောက်နိုင်မည်ဟု ဆိုသည်။

အဆိုပါ Project Falcon အမည်ရှိ Aircraft Bomb (drone/UAV bomb) များကိုအမြောက်အများ ထုတ်လုပ် ပေးနေပြီဖြစ်ပြီး မကြာမီတွင် စစ်ကိုင်းတိုင်းအ တွင်းက PDF/LDF အဖွဲ့များထံသို့စတင် ဖြန့်ဝေပေးသွားတော့မည်ဟု ဖော်ပြသည်။

Project Falcon ဗုံးသီးများသည် Drone Bomb အဖြစ် အသုံးပြုနေသည့် M9 Energa ဗုံးသီးထက် ပြင်းအား၂ဆခန့်ရှိသည့် ကုန်ကြမ်းပစ္စည်းနှင့် ယမ်းများကိုထည့်သွင်းအသုံးပြုထုတ်လုပ်ထားကြောင်း သိရသည်။

ထို့ပြင် ကုန်ကျစရိတ်တွင်လည်း M 9 အီနာဂါများသည် တလုံးလျှင် ၃ သိန်းကျပ်နီးပါးကုန်ကျပြီး ပြည်သူ့စစ်သားလက်နက်ထုတ်လုပ်ရေးတပ်ဖွဲ့မှ ထုတ်လုပ်သည့် Project Falconသည် တလုံးလျှင် ၁ သိန်းဝန်းကျင်သာ ကုန်ကျမည်ဖြစ်၍ ကုန်ကျစရိတ်သက်သာမှုရှိသဖြင့် အမြောက် အမြားထုတ်လုပ်နိုင်ရေး ပြည်သူလူထုအနေဖြင့် Project Falcon ကို ဝိုင်းဝန်းထောက်ပံ့ပေးကြရန် တိုက်တွန်းဖော် ပြထားသည်။


Ayeyarwaddy Times 

ပြည်သူ့စစ်သားစစ်လက်နက်ထုတ်လုပ်ရေးတပ်ဖွဲ့က Aircraft Bombများ ထုတ်လုပ်နေပြီဖြစ်ပြီး မကြာမီဖြန့်ဝေပေးမည်ဟုထုတ်ပြန် ပြည်သူ့စစ်သားစစ်လက်နက်ထုတ်လုပ်ရေးတပ်ဖွဲ့က Aircraft Bombများ ထုတ်လုပ်နေပြီဖြစ်ပြီး မကြာမီဖြန့်ဝေပေးမည်ဟုထုတ်ပြန် Reviewed by THITHTOOLWIN on 23:39 Rating: 5

No comments:

Powered by Blogger.