YDF လက်ရွေးစင်ရဲဘော်များက စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ စစ်သားတစ်ဦးကို အရှင်ဖမ်းမိပြီး လက်နက်ထဲယမ်းများ သိမ်းဆည်းရမိခဲ့


ဧပြီလ ၂၆ ရက်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်း ဂန့ကောမြို့မှ ထီးလင်းမြို့သို့ စစ်ကြောင်းထားလာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ယမန်နေ့ ဧပြီ ၂၅ ရက်၊ မနက် ၇ နာရီဝန်းကျင်က ယောဒေသကာကွယ်ရေးတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ၄၅ မိနစ်ခန့်ကြာခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီမှ သေဆုံးမှုရှိနိုင်ပြီး၊ စစ်ကောင်စီတပ်သား နိုင်လင်းအောင်ကို စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးခဲ့ကာ၊ MA 3 သေနတ် ၁ လက်၊ MA 3 ကျည်ဘောက် ၃ ခု၊ နင်းမိုင်း ၁ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ RPG ဗုံးသီး ၁ လုံး၊ ၅.၅၆ ကျည် ၂၁၉ တောင့်အပြင် အသုံးအဆောင်အချို့ကို YDF မှ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်မှာ တပ်မ (၁၁) မှ ဖြစ်ပြီး၊ ယောဒေသကာကွယ်ရေး တပ်ရင်း ၆၊ ၇ နှင့် ၁၄ မှ လက်ရွေးစင်တပ်သားများက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုလည်း YDF မှ ထုတ်ပြန်သည်။


HTY Information

YDF လက်ရွေးစင်ရဲဘော်များက စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ စစ်သားတစ်ဦးကို အရှင်ဖမ်းမိပြီး လက်နက်ထဲယမ်းများ သိမ်းဆည်းရမိခဲ့ YDF လက်ရွေးစင်ရဲဘော်များက စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ စစ်သားတစ်ဦးကို အရှင်ဖမ်းမိပြီး လက်နက်ထဲယမ်းများ သိမ်းဆည်းရမိခဲ့ Reviewed by THITHTOOLWIN on 19:17 Rating: 5

No comments:

Powered by Blogger.