ဧပြီလ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်။
မကွေးတိုင်းဒေသကြီး၊ ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YDF (Htilin)က မနေ့ သင်္ကြန်အကြို့နေ့မှာ စစ်ဆင်ရေးပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ပါတယ်။
ထီးလင်းမြို့စွန်ရှိ စစ်ကောင်စီတပ်သားတွေ ကင်းစောင့်လေ့ရှိတဲ့ မီးသတ်ရုံးကို ဝင်ရောက်စီးနင်းနိုင်ဖို့ ထီးလင်း YDF တပ်ဖွဲ့ဝင်တွေ ချဥ်းကပ်ခဲ့ပါတယ်။
မီးသတ်ရုံကိုသွားရောက်ချိန်မှာ အနီးနားရှိကော်မရှင်ဦးစီးရုံးကို ပျော်ပွဲစားထွက်လာတဲ့ စစ်ကောင်စီသုံးပွင့်ဗိုလ်နေလင်းအောင်၊ တပ်သားနှစ်ယောက်နဲ့ ဒလန်အဖွဲ့ကို တွေ့ရပြီးပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က သုံးယောက်သေဆုံးပြီး နှစ်ယောက်ဒဏ်ရာရရှိခဲ့ကာ သုံးပွင့်ဗိုလ်မှာ ပေါင်တွင်ဒဏ်ရာနဲ့ ထွက်ပြေးသွားခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုအပြီး ထီးလင်း YDFတပ်ဖွဲ့ဝင်တွေ ပြန်ဆုတ်ချိန်မှာ နောက်ကလိုက်လာတဲ့စစ်ကောင်စီတပ်သားတွေကို ခြုံခိုတိုက်ခိုက်ခဲ့ရာနှစ်ယောက် ထပ်မံသေဆုံးခဲ့ပါတယ်။
အဲဒီနောက် ထီးလင်း YDF တပ်ဖွဲ့ဝင်တွေဟာ မီးသတ်စခန်းအားမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုရှိနိုင်ပေမယ့် အတိအကျမသိရှိရသေးဘူးလို့ ထီးလင်း YDFက ထုတ်ပြန်ထားပါတယ်။
မနေ့ သင်္ကြန်အကြိုနေ့ တိုက်ခိုက်မှုတွေမှာတော့ ထီးလင်း YDFတပ်ဖွဲ့ဝင်တွေ အထိအခိုက်ဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။
သံလွင်ခက် - Than Lwin Khet News
No comments:
Post a Comment