သင်္ကြန်အတက်နေ့ ညပိုင်းတွင် မန္တလေးမြို့ရှိ Space Bar နှင့် စစ်ကောင်စီ သတင်းပေးတစ် ဦးနေအိမ်ဗုံးပေါက်ကွဲခဲ့
မန္တလေး၊ ဧပြီ ၁၆
ယနေ့ သင်္ကြန်အတက်နေ့ ညပိုင်းတွင် မန္တလေးမြို့နေရာအချို့၌ ဗုံးပေါက်ကွဲခဲ့ပြီး လူနာတင်ကားသံများဖြင့်ဆူနေကြောင်း မြို့ခံများထံကသိရသည်။
ယနေ့ညပိုင်း ၇နာရီဝန်းကျင်ခန့်က မန္တလေး မြို့အောင်မြေသာစံမြို့နယ် ၇၆လမ်း ၊၁လမ်းနှင့်၂လမ်းကြားရှိ စစ်ကောင်စီသတင်းပေးတစ်ဦး၏နေအိမ်ဗုံးပေါက်ကွဲခဲ့ကြောင်းသိရသည်။
"ဘေးနားမှာ သောက်စားပျော်ပါးနေကြတဲ့သူတွေရောထိတယ်တဲ့။လူနာတင်ကားလာတာတော့များတယ်"ဟု အဆိုပါရပ်ကွက်တွင်နေထိုင်သူတစ်ဦးကပြောသည်။
အဆိုပါ ပေါက်ကွဲမှုတွင် စစ်ကောင်စီသတင်းပေးတစ်ဦးသေဆုံးပြီးမိသားစုဝင်များဒဏ်ရာရရှိကာ ထိခိုက်ဒဏ်ရာရသူများကြောင်းသိရသည်။
ထို့အပြင် ၆၂လမ်း၊၃၅လမ်းနှင့်၃၆လမ်းကြားရှိ Space Bar ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်မှုများနိုင်ကြောင်း မြို့ခံများထံကသိရ သည်။
"အရေးပေါ်ကားသံတွေကတော့ဆူညံနေတာပဲ။ အဲဒီ Barကအမြဲလူအပြည့်ပဲ။ ဗုံးပေါက်ပြီးအထဲကလူတွေထွက်ပြေးလာကြတယ် "ဟု မြို့ခံတစ်ဦးကဆိုသည်။
မန္တလေးမြို့ပြပျောက်ကြားအဖွဲ့များက စစ်ကောင်စီကျင်းပသည့် သင်္ကြန်ကိုမဆင်နွှဲကြရန်နှင့် သင်္ကြန်ကာလအတွင်း စစ်ဆင်ရေးတိုးမြှင့်သွားမည်ဟုကြေညာထားခဲ့ သည်။
Lu Nge Khit
No comments:
Post a Comment