ဧပြီ ၁၀ ရက်
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တစ်ဖွဲ့ဖြစ်သော People’s Force မှ ယနေ့ ဧပြီလ ၁၁ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီစစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ကားပေါ်တွင်ပါလာသော စစ်သားအများစုကျဆုံးသည်ဟု People’s Force မှ အသိပေး ထုတ်ပြန်သည်။
ယနေ့ တိုက်ခိုက်မှုကို People’s Force ၏ တောတွင်းပြောက်ကျားရဲဘော်များက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ People’s Force အနေဖြင့် မြေပေါ်မြေအောက်ပြောက်ကျားရဲဘော်များကို စဉ်ဆက်မပြတ်မွေးထုတ်လျက်ရှိကာ နည်းလမ်းအမျိုးမျိုးဖြင့် အကြမ်းဖက်စစ်ကောင်စီကို တော်လှန်နေသည်ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
People'sForce အဖွဲ့ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၂၉ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်များတွင် အကြိမ် ၁၀၀ ကျော် တိုက်ခိုက်မှုများပြုလုပ်ခဲ့သလို၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍လည်း တောတွင်းစစ်ဆင်ရေး၊ ဒရုန်းဖြင့်တိုက်ခိုက်သော စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့သည်ဟုလည်း အဖွဲ့၏ သတင်းထုတ်ပြန်ချကိအရ သိရသည်။
HTY Information
No comments:
Post a Comment