ဧပြီ - ၁၄
မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် ပလိပ်မြို့ရဲစခန်းအနီးရှိ ရဲတပ်ရင်း (၁၄)ကို ကျည်ဆန်သင်္ကြန် ကျပေးခဲ့လို့ ရဲ (၄)ဦး သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ် (PDF)တွေက ထုတ်ပြန်ပါတယ်။
ဒီမနက် (၃:၄၅)နာရီမှာ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ စဉ့်ကိုင် Local PDF၊ မြစ်ငယ် Local PDFနဲ့ တပ်ကုန်း Local PDF တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာမှာ ရဲလေးဦး ပွဲချင်းပြီး သေဆုံးကာ တစ်ဦးဆေးရုံတင်ပို့ထားရတယ်လို့ စဉ့်ကိုင် PDF က သတင်းထုတ်ပြန်ထားပါတယ်။
ဒီမနက်ပိုင်းမှာ ဆိုင်ကယ်ငါးစီးနဲ့ လူရှစ်ယောက်ရောက်ရှိလာပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် ထိခိုက်ပျက်ဆီးမှုမရှိခဲ့ဘူးလို့တော့ စစ်အုပ်စုနဲ့ နီးစပ်သူတွေက ပြောဆိုပါတယ်။
မန္တလေးတိုင်းထဲက တော်လှန်ရေးအင်အားစုတွေဟာ သင်္ကြန်ကာလမှာ တော်လှန်ရေးအရှိန်မြှင့် လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားကြပါတယ်။
Mandalay Free Press - MFP
မန္တလေး ပလိပ်ရဲတပ်ရင်း (၁၄)ကို ကျည်ဆန်သင်္ကြန်ကျလို့ ရဲ (၄)ဦးသေလို့ PDF တွေ ထုတ်ပြန်
Reviewed by THITHTOOLWIN
on
20:39
Rating:
No comments:
Post a Comment