8 April 2022
စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် ဧပြီလ ၇ရက်နေ့က စစ်ကောင်စီတပ်များကို PDF(Kalay)မှ နှစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၆ ဦးခန့် သေဆုံးခဲ့ကြောင်း PDF(Kalay)မှ ထုတ်ပြန်ထားသည်။
PDF(Kalay)၏ တိုက်ခိုက်ခြင်းခံရပြီး နောက်စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ပြည်သူတစ်ဦး သေဆုံးသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဧပြီ၇ ရက်နေ့က ကလေးတက္ကသိုလ်မုဒ်ဦးအနီး ဗိုလ်ချုပ်လမ်းမပေါ်တွင် စစ်ကောင်စီစစ်သား ၈ဦးခန့်ကို PDF (Kalay) တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး သုံးဦးသေဆုံးခဲ့ကြောင်းလည်း ရေးသားထားသည်။
ကလေးတက္ကသိုလ်ဘက်မှ ကလေးမြို့ဘက်သို့ မောင်းနှင်လာသည့် စစ်ကောင်စီစစ်ကား ၂ စီးကို ကြို့သုံးပင်ရပ်ကွက် PDF (Kalay) တပ်ဖွဲ့ဝင်များက ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား ၂ စီးလုံး ထိမှန်ပျက်စီးသွားပြီး စစ်ကောင်စီစစ်သား ၃ ဦးခန့် သေဆုံးကြောင်း ဖော်ပြထားသည်။
ဧပြီလ ၇ရက်နေ့သည် ကလေးမြို့၊ တာဟန်းပင်မသပိတ်ခံတပ် ဖြိုခွင်းခံရခြင်း ၁ နှစ်ပြည့်သည့်နေ့ရက်ဖြစ်ကြောင်း သိရသည်။
Kachinwaves
No comments:
Post a Comment