ချောင်းဦး-ပခုက္ကူလမ်းဆုံတွင် ပြည်သူ့များအား ခြိမ်းခြောက်ငွေတောင်းနေသည့် စစ်ကောင်စီတပ်ကို ​ချောင်းဦး PDF တိုက်ခိုက်

(ဧပြီလဆန်းပိုင်းက ချောင်းဦး-ပခုက္ကူလမ်းဆုံတွင် ခရီးသွားယာဥ့်များအား စစ်ဆေးနေသည်ကို တွေ့ရစဥ်။)

▪️ပျူစောထီးရွာကိုလ​ည်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ဟုဆို 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ ချောင်းဦး-ပခုက္ကူလမ်းဆုံတွင် ခရီးသွားပြည်သူ့များအား ခြိမ်းခြောက်ငွေတောင်းနေသော အကြမ်းဖက်စစ်ကောင်စီတပ်များအား မိုင်းခွဲတိုက်ခိုက်ခဲ့​ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CHU PDFက သတင်းထုတ်ပြန် သည်။

ထို့အပြင် စစ်​ကောင်စီတပ်စွဲ​နေ​သော ပျူစောထီးရွာတစ်ရွာကိုလ​ည်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CHU PDF က ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဧပြီ ၁၁ ရက် နံနက်ပိုင်းက ကင်မွန်းတော်ပျူစောထီးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးသောင်းကျန်းသူ စုစုပေါင်းအင်အား ၂၀ ခန့်သည် ရွာအပြင်သို့ထွက်လာရာ ချောင်းဦး PDF ရဲဘော်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများမှာ ပျူစောထီးတစ်ဦး၏ ရုပ်အလောင်းကိုဆွဲ၍ ကင်မွန်းတော်ရွာအတွင်းသို့ ပြန်လည်ထွက်ပြေးသွားခဲ့ကြကြောင်း၊ ဧပြီ ၁၂ ရက် နံနက်ပိုင်းတွင် ချောင်းဦး PDF ရဲဘော်များက စစ်​ကောင်စီတပ်စွဲ​နေ​သော ကင်မွန်းတော်ပျူစောထီးရွာအတွင်းသို့ ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်ခဲ့ပြီး ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း CHU PDFက သတင်းထုတ်ပြန်သည်။

"သူတို့ကရွာကို ဝင်တိုက်တာမဟုတ်ပါဘူး။ ရိက္ခာလိုအပ်ချက်ကြောင့် ဘေးကရွာတွေကိုဝင်စီးလုယက်ဖို့ထွက်လာတဲ့ စခ + ပျူ ပူးပေါင်းအဖွဲ့ပါ။ ကင်မွန်းတော်ကပျူစောထီးရွာဖြစ်သလို စစ်ကောင်စီကလည်း အဲဒီရွာမှာတပ်စွဲထားပါတယ်။"ဟု ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းတာဝန်ခံက ပြောသည်။

ယမန်နေ့နံနက်ပိုင်းတွင်ပင် ချောင်းဦး-ပခုက္ကူလမ်းခွဲ၌ ဖြတ်သန်းသွားလာနေသော ယာဥ်များကိုတားဆီး၍ ပိုက်ဆံတောင်းနေကြသော အကြမ်းဖက်စစ်ကောင်စီလက်နက်ကိုင်များကို ချောင်းဦး PDF အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း ၎င်းတို့က အသိပေးသည်။

အထက်ပါတိုက်ခိုက်မှုများတွင် ချောင်းဦးPDFရဲဘော်များ အထိအခိုက်မရှိ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းCHU PDF က အသိပေးသည်။

အထက်ပါဖြစ်စဥ်များနှင့်ပတ်သက်၍ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(CHU PDF) သို့ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ပြီးခဲ့သည့် ဧပြီ၈ ရက် နံနက် ၇ နာရီခန့်ကလည်း ကင်မွန်းတော်ပျူစောထီးရွာမှ ပျူစောထီးသောင်းကျန်းသူများသည် လက်နက်များကိုင်ဆောင်၍ ၎င်းတို့ရွာအတွင်းမှ ရွာပြင်သို့ထွက်ခွာလာရာ ချောင်းဦး PDF ရဲဘော်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကင်မွန်းတော်ရွာမှ ပျူစောထီးခေါင်းဆောင် ငဝင်း၏ သားဖြစ်သူ သေဆုံးခဲ့သေးသည်။


People's Spring 

ချောင်းဦး-ပခုက္ကူလမ်းဆုံတွင် ပြည်သူ့များအား ခြိမ်းခြောက်ငွေတောင်းနေသည့် စစ်ကောင်စီတပ်ကို ​ချောင်းဦး PDF တိုက်ခိုက် ချောင်းဦး-ပခုက္ကူလမ်းဆုံတွင် ပြည်သူ့များအား ခြိမ်းခြောက်ငွေတောင်းနေသည့် စစ်ကောင်စီတပ်ကို ​ချောင်းဦး PDF တိုက်ခိုက် Reviewed by THITHTOOLWIN on 19:15 Rating: 5

No comments:

Powered by Blogger.