ပခုက္ကူ ၊ ဧပြီ ၁၃ ၊ ၂၀၂၂။
ပခုက္ကူမြို့ ၊ မြို့သစ်လမ်းပိုင်းတွင် ပျူစောထီးအဖွဲ့များနဲ့ PDF ၃ ဖွဲ့ တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ပျူစောထီး ၃ ဦးသေဆုံးခဲ့တယ်လို့ PKU N PDF မှ ဗိုလ်ခွာညိုက မြေလတ်အသံကိုပြောပါတယ်။
ဧပြီလ ၁၃ ရက်နေ့က ပစ်ခတ်မှုများဖြစ်ပွားခဲ့တာဖြစ်ပြီး ယင်းနေ့မတိုင်ခင်ကလည်း ပခုက္ကူရွှေချောင်းအဝိုင်းပတ်နားက စစ်ကောင်စီတပ်သားများကို လက်ပစ်မိုင်း ၂ လုံးပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်သား ၃ ယောက်ဒဏ်ရာရရှိခဲ့ပြီး CDM များကိုသတင်းပေးနေတဲ့ အိမ်ကိုသွားပစ်ခတ်တာမှာလည်း ထိခိုက်မိမရှိဘဲ သတိပေးအဆင့်သာရှိခဲ့တယ်လို့ ဆိုပါတယ်။
"ဒီနေ့မနက် ၂ နာရီလောက်က ကျနော်တို့ပစ္စည်းသွားချတဲ့အချိန်မှာ ပတ်ဝန်းကျင်က သတင်းပေးမှုကြောင့် ပျူ ၁၅ ယောက်အယောက် ၂၀ ဝိုင်းခံရတာဗျ၊ ထိပ်တိုက်တွေ့ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ကြတယ်၊ အဲဒီပစ်ခတ်မှုမှာ ရှေ့ကတက်လာတဲ့ ပျူ ၃ ကောင်ကတော့ အဲဒီနေရာမှာမှောက်ပြီးသေသွားပါတယ်၊ ကျနော်တို့ ၃ ဖွဲ့ပူးပေါင်းပြီးပြန်လည်တိုက်ခိုက်ခဲ့တာပါ၊ ကျနော်တို့ရဲဘော်တွေအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်" လို့ ဗိုလ်ခွာညိုကပြောပါတယ်။
တိုက်ခိုက်မှုကို PKU N PDF၊ Southern YSO PDF အဖွဲ့ နဲ့ KING COBRA PDF တို့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment