ကလေးမြို့တောင်ပိုင်း စစ်ကောင်စီတပ် PDF တွေရဲ့ တိုက်ခိုက်မှုကြောင့် ၁၀ ဦးကျော် သေဆုံး


26 April 2022

ကလေးမြို့နယ် တောင်ပိုင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဧပြီလ ၂၄ရက်နှင့် ၂၅ရက်နေ့တွင် PDF (Kalay)၊  CNDF၊ RKDF နှင့် ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၁၀ဦးကျော်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း PDF (Kalay)မှ ထုတ်ပြန်ထားသည်။ 

၎င်းစစ်ကောင်စီစစ်ကြောင်းသည် ဧပြီလ ၂၄ ရက်‌နေ့က ကလေးမြို့နယ် တောင်ပိုင်းဘက်သို့ ကား ၆ စီးနှင့် အင်အား ၁၅၀ ၀န်းကျင်ခန့်ဖြင့် စစ်ကြောင်း ထိုးလာရာ စည်သာရွာနှင့် နတ်မြောင်းရွာအကြားတွင် PDF (Kalay) တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၂၅ရက်နေ့တွင် ထပ်မံကြားဖြတ်တိုက်ခံရကာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ဖော်ပြထားသည်။ 

နှစ်ဖက်တိုက်ပွဲတွင် PDF(Kalay) ပူးပေါင်းတပ်ဖွဲ့များဘက်မှ ပ.က.ဖ ရဲဘော် ၁ ဦး ကျဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။ 

PDF (Kalay) တပ်ဖွဲ့များ၏ အဆင့်ဆင့် တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့များသည် စစ်ကြောင်း‌ ရှေ့ဆက်မတိုးနိုင်သည့်အတွက် ချောင်းခွရွာနှင့် အောင်ချမ်းသာရွာအကြားတွင် ဆက်လက်နေရာယူထားကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

ဧပြီလ ၂၄ရက်နေ့ညနေပိုင်းမှစတင်ပြီး စစ်ကောင်စီတပ်များ နတ်ချောင်းရွာနှင့် ချောင်းခွရွာအတွင်းမှ ဒေသခံပြည်သူများ၏နေအိမ်များကို ထပ်မံမီးရှို့ ဖျက်စီးခဲ့ကြောင်းလည်း ဖော်ပြထားသည်။ 

ဧပြီလ ၂၂ရက်နေ့တွင် ကလေးမြို့နယ် တောင်ပိုင်း မြစ်သာမြစ် အရှေ့ဘက်ခြမ်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းသုံးကြောင်းကို PDF (Kalay) ပူးပေါင်းတပ်ဖွဲ့တို့မှ ခုခံတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့များနှင့် ပျူစောထီးများ ၂၀ဦးခန့်သေဆုံးခဲ့သည်။


Kachinwaves 

ကလေးမြို့တောင်ပိုင်း စစ်ကောင်စီတပ် PDF တွေရဲ့ တိုက်ခိုက်မှုကြောင့် ၁၀ ဦးကျော် သေဆုံး ကလေးမြို့တောင်ပိုင်း စစ်ကောင်စီတပ် PDF တွေရဲ့ တိုက်ခိုက်မှုကြောင့် ၁၀ ဦးကျော် သေဆုံး Reviewed by THITHTOOLWIN on 21:11 Rating: 5

No comments:

Powered by Blogger.