မန္တလေး၊ ဧပြီ ၇၊ ၂၀၂၂။
မန္တလေးမြို့၊ ဘူတာကြီးအတွင်း လုံခြုံရေးတပ်ကြပ်ပြီးစောင့်နေတဲ့ စစ်ကောင်စီထောက်ပို့ရထားကို ဧပြီလ ၆ ရက် မနေ့ကညနေပိုင်းမှာ ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းဘက်ကို ထောက်ပို့သွားမယ့် အဲ့ဒီရထားကို PDF ၇ ဖွဲ့ပူးပေါင်းကာ လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ရထားနောက်ခန်းက ပျက်ဆီးသွားတယ်လို့ အဲ့ဒီပူးပေါင်းအဖွဲ့ထဲမှာပါဝင်တဲ့ Phoenix အထူးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။
“ဒီနေ့ ညနေ ၆ နာရီခန့်မှာ မဟာမိတ် ၇ ဖွဲ့ပူးပေါင်းပြီးလုပ်ခဲ့တာပါ၊ ထိခိုက်မှုအနေနဲ့ကတော့ ထောက်ပို့သွားမဲ့ရထားရဲ့ နောက်ခန်းပျက်ဆီးသွားပြီးတော့ စစ်ကောင်စီရဲ့သေဆုံးမှုတော့မသိရသေးပါဘူး၊ မြေပြင်လှုပ်ရှားတဲ့ ရဲဘော်တွေ ပြော ပြချက်အရ စစ်ကောင်စီဘက်က ကင်းတွေအထပ်ထပ်ချထားတဲ့ကြားထဲက ကွယ်ဝှက်သွားပြီး လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်၊” လို့ သူကပြောပါတယ်။
ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်ပျက်ဆီးမှုနဲ့ သေဆုံးမှုရှိ၊မရှိကိုတော့ မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဧပြီ ၂ ရက် ညနေ ၇ နာရီလောက်ကလည်း ရန်ကုန် - မန္တလေးလမ်းပေါ်ရှိ မြဝတီဘဏ်မှာကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၁ ဦး နေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ Phoenix အထူးပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment