ပခန်းကြီးမြို့ဟောင်းတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက် သေဆုံးမှုရှိဟု ရေစကြို PDF ပြော
(အကြမ်းဖက်စစ်ကောင်စီတပ်များ တိုက်ခိုက်ခံခဲ့ရသည့် ပခန်းကြီးမြို့ဟောင်း အထွက် တစ်နေရာကိုတွေ့ရစဥ်) |
မကွေးတိုင်း၊ ရေစကြိုမြို့နယ် ပခန်းကြီးမြို့ဟောင်းတွင် အကြမ်းဖက် စစ်ကောင်စီ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုက အသိပေးထုတ်ပြန်သည်။
ယမန်နေ့ (ဧပြီ ၄)နံနက် ၁၁နာရီခန့်က ပခန်းကြီးမြို့ဟောင်းအထွက် ပခုက္ကူ-မန္တလေး လမ်းမပေါ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင် များအား မိုင်းနှစ်ကြိမ် ဆွဲကာ တိုက်ခိုက်ခဲ့ကြောင်း၊ လေးဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း People Defense Force Yesagyoက သတင်းထုတ်ပြန်သည်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ပခန်းကြီးမြို့ဟောင်းအနီး ပခုက္ကူ- မန္တလေးလမ်း ပေါ်တွင်ရှိသည့် ဆင်ချောင်းရွာတွင် ပျူစောထီးများက အုပ်စုဖွဲ့ရမ်းကား သောင်းကြမ်းနေပြီး နေ့လယ် ၁နာရီဝန်းကျင်က ခရီးသွားလူငယ်တစ်ယောက်ကို အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ပြောသည်။
"ပခန်းကြီး၊ ဆင်ချောင်းအနီးတဝိုက် ပေါက်ကွဲသံတွေ အကျယ်ကြီးကြားလိုက်ရ တယ်။ စစ်တပ် ဘက်ကသေတယ်လို့လည်း ကြားတယ်"ဟု ရေစကြိုဒေသခံ တစ်ဦးက ပြောသည်။
အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုထံ ဆက်သွယ်မေးမြန်း ထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။
အကြမ်းဖက်စစ်ကောင်စီတပ်သည် ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသသို့ ဧပြီ ၂ ရက်မှစတင်ကာ အင်အားအများအပြားဖြင့်စစ်ကြောင်းထိုးနေပြီး ဒေသခံတို့၏ နေအိမ် အများအပြားမီးရှို့ဖျက်ဆီးခံထားရကာ ပြည်သူလေးဦးထက်မနည်း သတ်ဖြတ်ခံထားရသည်။
People's Spring
No comments:
Post a Comment