(တမူး PDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-တမူးPDF) |
တမူးမြို့ တမူး-အောင်ဇေယျလမ်းပိုင်းတွင်အကြမ်းဖက်စစ်ကောင်စီတပ်ယာဉ်တန်းကို ယနေ့ နှစ်ကြိမ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း PDF(တမူး) တပ်ရင်း-၁ က ထုတ်ပြန်သည်။
တပ်တွင်း ဖရဲသီးများ၏ သတင်းပေးပို့ချက်အရတမူး-အောင်ဇေယျကားလမ်းပိုင်း၌ စစ်ကောင်စီတပ်ချင်းတာဝန်အချိန်းအပြောင်းပြုလုပ်နေသည့် ယာဉ်တန်းကို ကြားဖြတ်ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဖော်ပြထားသည်။
နေလယ် ၂ နာရီ ၁၉ မိနစ်မှ နေလယ် ၂နာရီ မိနစ် ၄၀ အထိပထမအကြိမ်တိုက်ပွဲဖြစ်ပွားပြီး၊ ညနေ ၃နာရီ ၂၂ မိနစ်မှ ၃နာရီ ၅၄ မိနစ်အထိ့ ဒုတိယအကြိမ်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု PDF(တမူး)ကထုတ်ပြန်သည်။
စစ်ကောင်စီတပ်နယ်မြေခံတပ်ရင်း ၂၂၆ အစား ခလရ တပ်ရင်း ၈၉ကို အစားထိုးပြောင်းလဲစဉ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု PDF(တမူး)က တပ်ရင်း(၁)မှ တာဝန်ရှိသူကပြောသည်။
“ခလ၇ ၈၉ က မနေ့က တမူးကိုရောက်တာ နယ်မြေလည်းမကျွမ်းဘူး။ သာမန်အချိန်မှာမလာရဲတဲ့လမ်းပိုင်းကိုလမ်းလျှောက်ပြီးတော့ရော ၊ ကားနဲ့ရော ချီတတ်လာတော့ ဒီလမ်းကြောင်းမှ စောင့်ပြီး တိုက်ခိုက်ခဲ့တာပါ”ဟု PDF(တမူး) တာဝန်ရှိသူကပြောသည်။
တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၁၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူအများရှိဖြင့် တမူးမြို့ထဲသို့ကား၊ဆိုင်ကယ်များဖြင့် ကစဉ့်ကလျားပြန်လည်ဆုတ်ခွာသွားသည် PDF(တမူး) တပ်ရင်း-၁ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စစ်ကောင်စီတပ်ကို PDF(တမူး) တပ်ရင်း ၁ နှင့် တပ်ရင်း ၂ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ပွဲတွင် PDF(တမူး)က အထိအခိုက်မရှိဘဲ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်းသိ့ရသည်။
တမူး-အောင်ဇေယျလမ်းပိုင်းကို နယ်မြေရှင်းလင်းရေးဆက်လက်ဆောင်ရွက်မည်ဟုလည်း PDF(တမူး)ကအသိပေးထားသည်။
People's Spring
No comments:
Post a Comment