ဆားလင်းကြီးရဲစခန်းကို PDF (၈)ဖွဲ့ ပေါင်းပြီး လက်နက်ကြီး၊ စိန်ပြောင်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်


ဧပြီ - ၁

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ရဲစခန်းကို မနေ့က ညပိုင်းက ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF (၈)ဖွဲ့ ပေါင်းပြီး လက်နက်ကြီးတွေ၊ စိန်ပြောင်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brother Defense Force က သတင်းထုတ်ပြန်ပါတယ်။

မနေ့က မတ်(၃၁)ရက် ည(၉)နာရီကျော်က ဆားလင်းကြီးမြို့ ရဲစခန်းထဲကို စိန်ပြောင်း (၈) လက်၊ (၆၀) မမ အဖူး (၃၅)လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ရဲစခန်းနှင့် စကစများ ကင်ပုန်း ဝပ်နေသော နေရာများလည်း လက်ကြီး ထိမှန်ခဲ့ပြီး သေးဆုံးမှု ရှိနိုင်သည်” လို့ Brother Defense Force က ဖော်ပြပါတယ်။

PDF ရဲဘော်တွေ အားလုံး အထိအခိုက်မရှိ အန္တရာယ်ပင်းကြောင်းနှင့် စစ်အုပ်စုကို ဆက်လက်တိုက်ခိုက်နိုင်ရေး လက်နက်တွေ ထုပ်လုပ်ရာမှာ အများပြည်သူအနေနဲ့ ၀ိုင်းဝန်းကူညီ လှူဒါန်းပေးကြဖို့လည်း မုံရွာနဲ့ ဆားလင်းကြီးဒေသ PDF တပ်ဖွဲ့တွေက ဆိုပါတယ်။


Mandalay Free Press - MFP

ဆားလင်းကြီးရဲစခန်းကို PDF (၈)ဖွဲ့ ပေါင်းပြီး လက်နက်ကြီး၊ စိန်ပြောင်းတွေနဲ့ ပစ်ခတ်တိုက်ခိုက် ဆားလင်းကြီးရဲစခန်းကို PDF (၈)ဖွဲ့ ပေါင်းပြီး လက်နက်ကြီး၊ စိန်ပြောင်းတွေနဲ့ ပစ်ခတ်တိုက်ခိုက် Reviewed by THITHTOOLWIN on 19:10 Rating: 5

No comments:

Powered by Blogger.