မဲခေါင်၊ မတ် ၅
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ် ၊ ဖုန်းဆိုးစုကျေးရွာအုပ်စု၊ ရဲတမန်ရွာ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် အုပ်ချုပ်ရေးမှူး မျိုးမြင့်ဦး နှင့် ၎င်း၏ဇနီးဖြစ်သူ မကျင်နုတို့အား သာယာဝတီခရိုင် PDF က ယနေ့တွင် ပစ်သတ်ခဲ့သည်ဟု ကြေညာသည်။
ကျေးရွာနေပြည်သူများအပေါ် ဖိနှိပ်မှုအမျိုးမျိုးပြုလုပ်နေခြင်း၊ ကျေးရွာနေတက်ကြွလှုပ်ရှားသည့်လူငယ်များအား PDF နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းစီးစေခြင်းများပြုလုပ်နေသည်ဟု တိကျသည့်သတင်းများ ရောက်ရှိလာခဲ့သဖြင့် သတိပေးတားမြစ်ခဲ့သော်လည်း ဆက်လုပ်နေခြင်းကြောင့် ယနေ့တွင် ရှင်းလင်းခဲ့သည်ဟု ဆိုသည်။
သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁ မှ ယနေ့နံနက် ၁၁:၀၀ နာရီခန့်တွင် ကျည် ၄ ချက်ဖြင့် ပစ်ခတ်ရှင်းလင်းပြီး နေရာတွင်ပင် သေဆုံးခဲ့သည်ဟုဆိုသည်။
စစမကောင်စီ ထောက်တိုင်များအား အရှိန်အဟုန်တိုးမြှင့်၍ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီ အကြမ်းဖက်အဖွဲ့ဝင်များ၊ စစ်ကောင်စီ ထောက်တိုင်များနှင့် နီးစပ်သည့်နေရာများတွင် နေထိုင်ခြင်းများအား သတိထားရှောင်ရှားကြပါရန် သာယာဝတီခရိုင် PDF က မေတ္တာရပ်ခံထားသည်။
MeKong News - မဲခေါင်သတင်း
No comments:
Post a Comment