အရာတော်က စစ်အုပ်စုတပ်စခန်းကို PDF သိမ်းပိုက်ခဲ့ပြီး၊ စစ်သား ၇ ဦးပါရှင်းလင်းနိုင်ခဲ့

ဓါတ်ပုံ - Zero ပြောက်ကျားတပ် ( မြင်းခြံ )

အရာတော်၊ ဧပြီ ၂၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သစ်ကျင်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဧပြီ ၁ ရက် မနေ့က စခန်းသိမ်းဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

စစ်သားနဲ့ ပျူစောထီးအဖွဲ့တွေပေါင်းပြီး တပ်စွဲထားတဲ့ အဲ့ဒီစခန်းကို မနေ့ကနေ့လည် ၁၂ နာရီလောက်ကစလို့ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ အပြန်အလှန်တိုက်ခိုက်ချိန် ၂ နာရီလောက်ကြာခဲ့တယ်လို့  ဒီစစ်ဆင်ရေးမှာပါဝင်တဲ့ သပြေညိုပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်ပေါက်ကျိုင်းက ပြောပါတယ်။ 

“ အရာတော်မြို့နယ်၊ သစ်ကျင်းကျေးရွာမှာ စစ်သားတွေနဲ့ ပျူတွေနဲ့ပေါင်းပြီးစခန်းချနေတာ၊ ကျနော်တို့အဖွဲ့တွေပူးပေါင်းပြီး ဒီစခန်းကို သွားတိုက်မယ်ဆိုပြီးသွားတာ၊ စခန်းမရောက်ခင်မှာပဲ ဆိုင်ကယ် ၃ စီး၊ ကား ၁ စီးနဲ့သူတို့ကလည်းထွက်လာတာ၊ အဲ့ဒါနဲ့ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်တယ်၊ တိုက်ပွဲစဖြစ်တာက ၁၂ ဝန်းကျင်လောက်ဖြစ်တာ၊” လို့ သူကပြောပါတယ်။ 

ဒီစစ်ဆင်ရေးကို ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) နှင့်အတူ KORL၊ သပြေညိုပြောက်ကျားတပ်၊ ၊ FALCON FORCE၊ အရာတော်ဘုန်းနိုင်၊ ပတ္တမြားညီနောင် ၊ မြင်းမူလျှပ်စီး စတဲ့အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ စစ်ကောင်စီဘက်က ၇ ဦးသေဆုံးပြီး၊ ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့လည်း ဗိုလ်ပေါက်ကျိုင်းက ဆက်ပြောပါတယ်။

တိုက်ခိုက်ပြီးနောက် အဲ့ဒီတပ်စခန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီပိုင် ဆိုင်ကယ် ၃ စီးကိုလည်း သိမ်းဆည်းခဲ့ပြီး၊ စစ်သားတွေအသုံးပြုနေတဲ့ လူနာတင်ကားကတော့ လက်နက်ကြီးထိမှန်ပျက်စီးသွားခဲ့တယ်လို့ Zero ပြောက်ကျားတပ် ( မြင်းခြံ ) က သတင်းထုတ်ပြန်ထားပါတယ်။ 


မြေလတ်အသံ - Myaelatt Athan 

အရာတော်က စစ်အုပ်စုတပ်စခန်းကို PDF သိမ်းပိုက်ခဲ့ပြီး၊ စစ်သား ၇ ဦးပါရှင်းလင်းနိုင်ခဲ့ အရာတော်က စစ်အုပ်စုတပ်စခန်းကို PDF သိမ်းပိုက်ခဲ့ပြီး၊ စစ်သား ၇ ဦးပါရှင်းလင်းနိုင်ခဲ့ Reviewed by THITHTOOLWIN on 21:48 Rating: 5

No comments:

Powered by Blogger.