မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ဆိပ်လေးကေလမ်းတွင် အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်ခံ ဒုရဲအုပ် မင်းမင်းဦးဆိုသူကို ဖမ်းဆီးရမိခဲ့ကြောင်း သထုံ PDF က ယနေ့ဧပြီလ (၂၆)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။
KNU/KNLA တပ်မဟာ(၁)၊ တပ်ရင်း(၂)လက်အောက်ခံ PDF တပ်ရင်း (၂)၊ တပ်ခွဲ (၁)၏ ထုံးဘိုကြီး၊ ထုံးဘိုလေးရွာကြား စစ်ဆေးရေးဂိတ်တွင် ဧပြီလ (၂၃)ရက်နေ့က စစ်ကောင်စီတပ်သားများ၊ ရဲများ၊ ဒလန်များက ပြည်သူ အယောင်ဆောင်ကာ လှုပ်ရှားမှုများ ရှိနေကြောင်းကိုသိရ၍ လုံခြုံရေးတင်းကျပ်စွာ စစ်ဆေးနေစဉ် ဒုရဲအုပ် မင်းမင်းဦးဆိုသူအား ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည်။
ထိုရဲသည် မှောင်ခိုကား လာဝယ်သူဟု အယောင်ဆောင်ကာ သထုံခရိုင်အတွင်းရှိ စစ်ကောင်စီတပ်များကို ငွေကြေးထောက်ပံ့မှုများရှိသည်ကို စုံစမ်းရရှိသည်ဟု ထုတ်ပြန်ထားသည်။
ဆက်လက်စစ်ဆေးရာ ၎င်းမောင်းနှင်လာသော ကားအတွင်းမှ ခြောက်လုံးပြူးသေနက် တစ်လက်၊ ငွေသိန်း(၂၀)နှင့်အထက် အပါအဝင် ကားနံပါတ်အတုများ ထပ်မံတွေ့ရှိရကြောင်း သိရသည်။
ယခုလို ဖမ်းဆီးရမိထားသော ဒုရဲအုပ်ကို KNU ဥပဒေအရ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
Tachileik News Agency
No comments:
Post a Comment