ဂန့်ဂေါ PDF က ဇနီးဖြစ်သူနှင့်ဈေးဝယ်လာသည့် အာဏာသိမ်းတပ်မှ ဗိုလ်ကြီးကို ပစ်ခတ်ပြီး အရပ်သား ဇနီးဖြစ်သူကို မတိုက်ခိုက်ကြောင်း ထုတ်ပြန်
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းရွာရဲစခန်းရှိ အာဏာသိမ်းစစ်တပ်မှ ဗိုလ်ကြီးဝေဖြိုးကိုအား ဇနီးသည်နှင့်အတူ ဈေးဝယ်ထွက်လာစဉ် ပစ်ခတ်လိုက်ပြီး အတူလိုက်ပါလာသည့် ၎င်း၏ဇနီးသည်ကို ပစ်ခတ်မှုမလုပ်ကြောင်း ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF-GanGaw က ယနေ့ ၂၀၂၂ ခုနှစ်၊ ဧပြီလ(၂၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ဈေးဝယ်လာသည့် ဗိုလ်ကြီးဝေဖြိုးကိုအား PDF-GanGaw ရဲဘော်များက စောင့်ကြိုပစ်ခတ်မှုကြောင့် တောင်ခင်ရန်းရဲစခန်းဘက် ပြန်လည်ထွက်ပြေးသဖြင့် လိုက်လံပစ်ခတ်ခဲ့သည်ဟု သိရပြီး ၎င်း၏ဇနီးဖြစ်သူကို လူသားချင်းစာနာမှုအရ တိုက်ခိုက်မှုမလုပ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဗိုလ်ကြီး ဝေဖြိုးကို ပစ်ခတ်ခံရမှုကြောင့် စခန်းတွင်းမှ စစ်ကောင်စီတပ်များက ပြန်လည်ပစ်ခတ်မှုများရှိသော်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ထိခိုက်ဒဏ်ရာမရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။
ယင်း စခန်းအတွင်းရှိ စစ်ကောင်စီတပ်များအနေဖြင့် အချိန်မီ ပြည်သူ့ရင်ခွင်သို့ ခိုလှုံကြပါရန် တိုက်တွန်းထားသည်ကိုလည်း တွေ့ရသည်။
Tachileik News Agency
No comments:
Post a Comment