ပုသိမ်ကြီး၊ ဧပြီ ၂၆၊ ၂၀၂၂။
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ တပ်မ ၃၃ လက်အောက်ခံ ခလရ ၄ က ဒု အရာခံဗိုလ်တဦး ဧပြီလ ၂၆ ရက် ဒီနေ့လည် ၁၂ နာရီလောက်မှာ သေနတ်နဲ့ ပစ်ခံရပြီးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
နတ်ဆိုး မြေအောက်တော်လှန်ရေးတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ ပုသိမ်ကြီးမြို့နယ်၊ နှမ်းကြဲရွာအနီး ခမရ ၁၁၉ ထဲက ထွက်လာတဲ့ စစ်သားတွေကို ပစ်ခတ်ရှင်းလင်းခဲ့ရာမှာ ဒု အရာဗိုလ်တဦးကို ထိမှန်ခဲ့တာလို့ နတ်ဆိုး မြေအောက်တော်လှန်ရေးတပ်ဖွဲ့ မှ တာဝန်ရှီသူတဦးက ပြောပါတယ်။
“ ကျနော်တို့သွားတာက ပြည်သူတွေသတင်းပေးတဲ့ ပျူစောထီးခေါင်းဆောင်ကို သုတ်သင်ဖို့သွားတာ၊ အဲ့ ပျူစောထီးခေါင်းဆောင်က ကံကောင်းချင်တော့ သူ့အိမ်မှာမရှိလို့ ပြန်လာချိန်မှာ ၁၁၉ ထဲက စစ်သားတွေထွက်လာလို့ ပစ်လိုက်တာ၊ ပစ်ပြီးမှစုံစမ်းလိုက်တော့ အရာရှိဖြစ်နေတာ၊ နာမည်တော့မသိဘူး၊ ကျနော်တို့က သူ ၁၁၉ တပ်ထဲက ထွက်လာမဲ့ အနေအထားကို မြင်တယ်၊ ထွက်လာတဲ့အချိန်ထိ စောင့်တယ်၊ စစ်သား ၂ ယောက်က သူ့ကိုအလေးပြုတာကိုတော့တွေ့တယ်၊ ဒါဆို သူက စစ်သားပဲလို့ မှတ်ချက်ယူပြီး သုတ်သင်လိုက်တာ၊ “ လို့ သူကပြောပါတယ်။
အဲ့ဒီ ဒုအရာခံဗိုလ်ကို ခမရ ၁၁၉၊ ခမရ ၁၁၆ နဲ့ ခလရ ၄ အဲ့ဒီ တပ်ရင်း ၃ ခုကြားမှာ ပစ်သတ်ခဲ့တာလို့လည်း ဆိုပါတယ်။
ဒီရှင်းလင်းမှုပြီးတဲ့အချိန်ကစပြီး စစ်ကောင်စီတပ်တွေက ပုသိမ်ကြီးမြို့တမြို့လုံးကို တားဆီးစစ်ဆေးတာတွေလုပ်နေတယ်လို့လည်း နတ်ဆိုး မြေအောက်တော်လှန်ရေးတပ်ဖွဲ့ ဆီက သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment