မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်ရှိ သံရွာနယ်မြေရဲစခန်းအား မဟာမိတ်လေးဖွဲ့ပူးပေါင်းကာ အီနာဂါ(ရိုင်ဖယ်ဗုံးသီး)ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ Kyaukse District Defense Force - KDDF က သတင်းထုတ်ပြန်သည်။
ယနေ့ (ဧပြီလ ၁၉ရက်) နံနက် ၄ နာရီအချိန်က မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ သံရွာရဲစခန်းအား ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့နှင့်အတူ LPDF(စဥ့်ကိုင်)၊ LPDF(မြစ်ငယ်)နှင့် LPDF(တပ်ကုန်း)တို့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ အီနာဂါ(၄)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ Kyaukse District Defense Force - KDDFက သတင်းထုတ်ပြန်သည်။
သံရွာသည် ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပါဝင်သော တိုက်နယ်အဆင့်ရှိ ရွာကြီးတစ်ရွာဖြစ်ပြီး ဟံမြင်းမိုရ်-ရွာငံ-အောင်ပန်း ကားလမ်းမကြီး၏ ဝဲယာတွင် တည်ရှိသည်။
"လိုင်းခန်းမီးလောင်ပျက်စီးသွားတယ်။ လူထိခိုက်မှုတော့မသိရသေးဘူး။ သူတို့ဘက်ကလည်း ပြန်ပစ်တယ်။ မိနစ်ပိုင်းလောက်တိုက်ပွဲငယ်ပုံစံဖြစ်သွားတယ်။ ကျွန်တော်တို့ဘက်ကလည်းတစ်ဘောင်(ကျည်တစ်ကတ်)ကုန်တဲ့ထိပစ်တယ်။"ဟု ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ Kyaukse District Defense Force - KDDF ၏ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)သည် ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့နံနက်၆နာရီ ၄၀မိနစ်အချိန်ကလည်း ရန်ကုန်၊မန္တလေး(အမြန်လမ်း)အတိုင်း မောင်းနှင်လာသော အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား အမြန်လမ်း မိုင်တိုင် ၃၃၇ မိုင်၊ ၁ ဖာလုံ အရောက်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့သေးသည်။
People's Spring
No comments:
Post a Comment