ဧပြီ ၁၈၊ ၂၀၂၂ ခုနှစ်။
မြန်မာနှစ်ဆန်း (၁)ရက်နေ့၊ယ ည(၇:၀၀)နာရီ အချိန်တွင် တမူးမြို့၊ မြို့မ (၁၂/က)ရပ်ကွက်၊ နန်းဖာလုံ(ထခွဲ)ကျောင်း၌ တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း - ၁ နှင့် တပ်ရင်း - ၂ ၏ အထူးကွန်မန်ဒိုပူးပေါင်း တပ်ဖွဲ့ဝင်များမှ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး အကြမ်းဖက်စစ်သား ၄ဦးသေဆုံးကြောင်းထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်ကောင်စီဖက်မှ တပ်ကြပ်အဆင့်ရှိ အရာရှိတစ်ဦး အပါအဝင် စုစုပေါင်း (၄)ဦး ကျောင်းရှေ့ လမ်းမပေါ်တွင် အတုံးအရုံးဖြင့် သေဆုံးခဲ့ကြောင်း တမူးPDFမှထုတ်ပြန်ထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှာ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပြီး နာရီဝက်ခန့်အကြာတွင် တမူးမြို့ဘက်မှ လူနာတင်ကားများနှင့် စစ်ကောင်စီ ကားများရောက်ရှိလာပြီး လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ကျောင်းရှေ့လမ်းမ ပေါ်မှ စစ်သားအလောင်းများကို ကောက်ယူတင်ဆောင်၍ ည(၉:၀၀)နာရီခန့်တွင် တမူးမြို့အတွင်းသို့ ပြန်လည်ထွက်ခွာသွားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
သံလွင်ခက် - Than Lwin Khet News
No comments:
Post a Comment