(ဧပြီ ၁၅)
ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့ ခရမ်းမြို့ ဇွဲတွန်ဂိတ်ထိတွေ့တိုက်ပွဲတွင် ကုန်ချခဲ့သည့် ကုန်ကျစရိတ် အကြမ်းဖျင်းကို ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF Khayan) က ယနေ့ညပိုင်းက ပြည်သူများသို့ တွက်ချက်တင်ပြပေးခဲ့ပါသည်။
`` ထိတွေ့တိုက်ပွဲ စစ်ဆင်ရေးတစ်ခုဆို ဘယ်လောက်ကုန်သလဲဆိုတာ ??? ´´ပြည်သူတွေကို သိစေချင်တယ်။
ကျနော်တို့အစားဆင်းရဲတယ် ၊ အနေဆင်းရဲတယ်။ ခြိုးခြံချွေတာပြီးနေထိုင်စားသောက်တယ်။
ဘာကြောင့်လဲ ?
ပြည်သူတွေလှူတဲ့အလှူငွေဟာ လက်နက်ခဲယမ်းအတွက်အဓိကသုံးချင်လို့ပါ။ စစ်ခွေးတွေနဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချင်တာကြောင့်ပဲ။
ပြည်သူတွေများများပျော်ဖို့ဆိုတာ ကျနော်တို့ လက်နက်ခဲယမ်းများများရှိဖို့လိုပါတယ်။ လက်နက်ခဲယမ်းများများရှိဖို့ဆို ရံပုံငွေများများလိုပါတယ်။
အခုလို ထိတွေစစ်ဆင်ရေးတစ်ခုအတွက် အများကြီးပြင်ဆင်ရပါတယ်။ စစ်ဆင်ရေးတစ်ခုပြီးသွားတဲ့အခါ ကျနော်၂လလောက်စုဆောင်းထားတဲ့အလှူငွေတွေကုန်ကျပါတယ်။
ရရှိတဲ့အလှူငွေတွေကို ကျနော်တို့ ယခုလိုအသုံးပြုနေပါတယ် ပြည်သူတွေသိကြစေလိုပါတယ်ခင်ဗျာ။
မြို့ပြပြောက်ကျားရဲဘော်တွေ ဘယ်လောက် ရုန်းကန်နေရသလဲဆိုတာ သိကြစေဖို့ပါ။
ယခုလို ထိတွေ့တိုက်ပွဲစစ်ဆင်ရေးတွေများများလုပ်နိုင်ဖို့ ပြည်သူတွေ အင်နဲ့အားနဲ့ လှူပေးကြဖို့လိုပါတယ်ဗျ။
ပြည်သူတွေ အင်နဲ့အားနဲ့လှူကြရင် ကျနော်က စစ်ခွေးတွေကို အင်နဲ့အားနဲ့တိုက်ခိုက်ကြပါမယ်ဗျ။
ကျနော်တို့ ပြည်သူ့အတွက် အမြဲရှေ့တန်းက တော်လှန်တိုက်ခိုက်နေမှာ ဖြစ်ပါတယ် ......
`` သွေးကြွေးမှာ ဆွေးနွေးစရာမရှိ ´´
`` အရေးတော်ပုံ မုချအောင်ရမည် ´´
PDF(Khayan)
Khayan Channel
No comments:
Post a Comment