ရဲနှင့် စစ်သားများ လိုက်ပါလာသည့် စက်လှေတစ်စီးအား မြို့လှ PDF မှ စောင့်ကြိုပစ်ခတ်

Video Source - မြို့လှPDF

ဧပြီ၊ ၁၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊  ရွှေကူမြို့မှ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာသည့် အကြမ်းဖက်စစ်ကောင်စီအဖွဲ့ မှ ရဲနှင့်စစ်သားများ လိုက်ပါလာသည့် စက်လှေ တစ်စီးအား ကျောက်ကြီးရွာအထက်ဘက်တွင် မြို့လှ PDF များက ဧပြီလ (၁၃) ရက်နေ့က စောင့်ကြို ပစ်ခတ်ခဲ့ကြောင်း အနီးနားရှိ ဒေသခံတစ်ဦးထံမှ သိရသည်။

အဆိုပါ စက်လှေတွင် ကျောက်ကြီး တပ်ရင်းမှူးတစ်ဦး၊ ရဲစခန်းမှူးတစ်ဦး နှင့် (၈) ဦး လိုက်ပါလာသည့် စက်လှေဖြစ်ပြီး ကျောက်ကြီးရွာ အထက်ဘက်တွင် ပစ်ခတ်ခံရပြီးနောက် ကျောက်ကြီးရွာဘက်သို့ ပြန်လည် စုန်ဆင်းသွားခဲ့ပြီး ကျောက်ကြီးရွာတပ်စခန်းမှ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း အထက်ပါ ဒေသခံက မြစ်ကြီးနား သတင်းဂျာနယ်သို့ပြောသည်။

" မနေ့တုန်းက (၃) နာရီကျော် (၄) နာရီ ဝန်းကျင်လောက်ဖြစ်မယ်။ မြို့လှ PDF က ပစ်တဲ့ချိန်မှာတော့ သူတို့ဘက်က ပြန်ပစ်တာ မရှိဘူး။ ကျောက်ကြီးရောက်မှပဲ ပြန်ပစ်တာ။  ဖြစ်တာကတော့ မိနစ် (၂၀) ဟုတ်တယ်" ဟု ဒေသခံက ဆိုသည်။

တိုက်ခိုက်မှုကြောင့် စက်လှေ နစ်မြှုပ်သွားခြင်း မရှိခဲ့သော်လည်း အကြမ်းဖက်စစ်ကောင်စီအဖွဲ့မှ အထိအခိုက်ရှိနိုင်ကြောင်း သိရပြီး မြို့လှ PDF ဘက်မှ အထိအခိုက်မရှိကြောင်းကိုလည်း ဒေသခံက ဆက်လက်ပြောသည်။

" အထိအခိုက်တော့ စက်လှေ မြှုပ်သွားတာတွေတော့မရှိဘူး။ စက်လှေကတော့သူတို့ဆီ ပြန်ရောက်သွားတယ်။ စက်လှေထဲမှာ ဘာတွေဖြစ်သွားလဲ ဆိုတာတော့ မသိရဘူး။ အထိအခိုက်ရှိနိုင်တယ်လို့ပဲ ခန့်မှန်းရတာပေါ့လေ။ သူတို့ဘက်က ပြန်ပစ်တာမျိုးမရှိတော့ မြို့လှ PDF က အထိအခိုက်မရှိဘူး" ဟု ဒေသခံက ဆိုသည်။

 ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်ဘက်တွင် အကြမ်းဖက်စစ်ကောင်စီမှ ဧရာဝတီမြစ်အတိုင်း စက်လှေများဖြင့် ရိက္ခာ သယ်ဆောင်မှုများ ပြုလုပ်လျက်ရှိပြီး  PDF များကလည်း စောင့်ကြိုပစ်ခတ်မှုများ ပြုလုပ်လေ့ရှိသည်။


Myitkyina News Journal 

ရဲနှင့် စစ်သားများ လိုက်ပါလာသည့် စက်လှေတစ်စီးအား မြို့လှ PDF မှ စောင့်ကြိုပစ်ခတ် ရဲနှင့် စစ်သားများ လိုက်ပါလာသည့် စက်လှေတစ်စီးအား မြို့လှ PDF မှ စောင့်ကြိုပစ်ခတ် Reviewed by THITHTOOLWIN on 20:08 Rating: 5

No comments:

Powered by Blogger.