အထက်မင်းလှ၊ ဧပြီ၁၃၊ ၂၀၂၂။
မကွေးတိုင်း မင်းလှမြို့နယ်က ဗိဿနိုးချောင်းအနီးမှာ စစ်ကောင်စီနဲ့ PDF ၂ဖွဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ဦးသေ ၁ဦး ဒဏ်ရာရခဲ့တယ်လို့ မင်းလှ People Defence Army (PDA) ဆီက သိရပါတယ်။
ဧပြီလ ၁၀ရက်က မင်းလှမြို့နယ် ဘွဲ့အုပ်စု ဇီးတော အရှိုချင်းရွာနဲ့ ဒဟတ်ပင်ရေနံမြေကြားက ဗိဿနိုးချောင်းနားမှာ စစ်ကောင်စီဘက်က အင်အား ၈၀လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုနဲ့ မင်းလှက PDF ၂ဖွဲ့တို့ ထိပ်တိုက် တိုက်ပွဲဖြစ်ခဲ့ကြတာလို့ PDA တာဝန်ခံ ဗိုလ်ပျံလွှားက ပြောပါတယ်။
" သူတို့နဲ့ကျနော်တို့က ထိတွေ့တိုက်ပွဲငယ်တခုဖြစ်တာပေါ့နော်၊သူတို့ကကျနော်တို့ကို အရင်ဆုံးပစ်ခတ်တာပေါ့၊ကျနော်တို့ကပစ်ဆုတ် ဆုတ်ရတာပေါ့၊သူတို့ဆီက ၃ ယောက်ကျတယ်၊ ၁ ယောက်က ဒဏ်ရာရတယ်၊ဖြစ်တာကတော့ ၁၀ နာရီခွဲကစဖြစ်တာ၊မိနစ် ၃၀ ကြာပါတယ်" လို့ ပြောပါတယ်။
PDF တွေဘက်ကတော့ ခုခံပစ်ခတ်ပြီး တပ်ဆုတ်သွားခဲ့တာကြောင့် အထိအခိုက် မရှိဆုတ်ခွာနိုင်ခဲ့တာကြောင့်တော်လှန်ရေးမပြီးမချင်း တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
မကွေးတိုင်း အနောက်ပိုင်းမှာလည်း စစ်ကောင်စီနဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေ ပြီးခဲ့တဲ့ ဧပြီလ ၆ရက်ကစပြီး တိုက်ပွဲပြင်းထန်ခဲ့ပြီး လေယာဥ်တွေနဲ့ပါ စစ်ကောင်စီက ပစ်ခတ်ခဲ့ပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment