စဉ့်ကိုင်မြို့နယ်ရှိ စစ်အုပ်စုစခန်းကို မြစ်ငယ် PDF ဝင်တိုက်၊ စကစ (၃)ဦး ပွဲချင်းပြီးသေ


ဧပြီ - ၁ 

မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်ရှိ သစ်ခေါက်အုပ်စု ဖလံဗိုလ်ရွာ၌ တပ်စွဲထားသည့် စစ်အုပ်စုစခန်းကို မြစ်ငယ် PDF က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ 

မတ်လ (၃၀)ရက်  နံနက် (၃)နာရီအချိန်၌ လက်နက်ကြီးဖြင့် နှစ်ကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စကစ (၃)ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။ 

ယင်းအပြင် ရာထူးအကြီးပိုင်းထဲမှာ တစ်ဦးသည် ဒဏ်ရာပြင်းထန်သဖြင့် ခိုးကြောင်ခိုးဝှက် ဆေးကုသမှု ခံယူနေရပြီး မုန့်ဟင်းခါးဖြစ်နိုင်ခြေ များသည်ဟုလည်း မြစ်ငယ် PDF က ပြောသည်။ 

အဆိုပါ မတ်လ (၃၀)ရက် နံနက် (၆)နာရီတွင် မြို့သာမြို့အနီးရှိ မြစ်ငယ် PDF ၏ စခန်းတစ်ခုကို စစ်အုပ်စုက ဝင်ရောက်စီးနင်းခဲ့ပြီး PDF နှစ်ဦး ကျဆုံးကာ (၂၉)ဦး ဖမ်းဆီးခံခဲ့ရကြောင်းလည်း မြစ်ငယ် PDF က သတင်းထုတ်ပြန်ထားသည်။ 


Mandalay Free Press - MFP

စဉ့်ကိုင်မြို့နယ်ရှိ စစ်အုပ်စုစခန်းကို မြစ်ငယ် PDF ဝင်တိုက်၊ စကစ (၃)ဦး ပွဲချင်းပြီးသေ စဉ့်ကိုင်မြို့နယ်ရှိ စစ်အုပ်စုစခန်းကို မြစ်ငယ် PDF ဝင်တိုက်၊ စကစ (၃)ဦး ပွဲချင်းပြီးသေ Reviewed by THITHTOOLWIN on 19:08 Rating: 5

No comments:

Powered by Blogger.