ရက်စွဲ ။ ၂၀၂၂ ခုနှစ် ၊ ဧပြီလ ( ၇ )ရက်
အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းနေသယောင် ဝါဒဖြန့်လို၍ မကြာမီ ကျရောက်တော့မည့် သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပရန် ပြင်ဆင်လျှက်ရှိသည်။
မိမိတို့ တမူးခရိုင်၊ တမူးမြို့တွင်လည်း သင်္ကြန်မဏ္ဍပ်ကြီး နှစ်ခု ဆောက်လုပ်၍ သင်္ကြန်ပွဲတော် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ရန်စီစဉ်နေကြောင်းကြားသိရသည်။
ထို့ကြောင့် မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူးမြို့) တပ်ရင်း - ၁ အနေဖြင့် စစ်အုပ်စုဝါဒဖြန့်မှု မအောင်မြင်စေရန် ရည်ရွယ်၍ သင်္ကြန်ကာလအတွင်း စစ်ရေးလှုပ်ရှားမှုများကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်သောကြောင့် ပြည်သူများအအေနဖြင့် သင်္ကြန်ကာလအတွင်း မဏ္ဍပ်များသို့ သွားရောက်လည်ပတ်ပျော်ပါးခြင်း၊ KTV နှင့် Private Club များတွင် စုစည်း၍ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ခြင်း၊ လူစည်ကားရာနေရာများသို့ သွားရောက်ရေဆော့ကစားခြင်းများကို အထူးရှောင်ရှားကြရန် မေတ္တာရပ်ခံ အသိပေးထုတ်ပြန်လိုက်သည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( တပ်ရင်း - ၁ )
တမူးမြို့
Zalen
No comments:
Post a Comment