ခရမ်း-PDFမှ မက္ကသံကျေးရွာသို့ အကြွေးလာတောင်းပေးသော စစ်အုပ်စုအား ခရမ်း-PDF မှ ၄၀ မမ အပြင်းစားဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်
(ဧပြီ ၅)
ခရမ်းမြို့ မက္ကသံကျေးရွာလမ်းတွင် ယနေ့ညနေ ၄နာရီခန့်က အကြွေးလာတောင်းပေးသော ရခအုပ်စုအား ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF Khayan) မှ ၄၀ မမ အပြင်းစား ဗုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
ထိုပစ်ခတ်မူ့တွင် ပြည်သူများ ဝင်ရောက်လာတာကြောင့် ပစ်မှတ်အား အပေါ်သို့ ထောင်၍ ပစ်ခတ်ခဲ့ရကြောင်း၊ ထိုသို့ပစ်ခတ်ခဲ့ရသောကြောင့် ပစ်မှတ်နှင့် အနီးသို့သာ ကျရောက် ပေါက်ကွဲခဲ့သည်ဟု ခရမ်း-PDF က ပြောသည်။
`ကျွန်တော်တို့မှာ အသက်ကိုရင်းပြီး လုပ်နေရတာ ပြည်သူတွေအခုလို ဝင်လာတာကြောင့် မို့လို့ကျွန်တော်တို့ မစ်ရှင် အများကြီး နှောင့်နှေးရတယ်၊ ပြည်သူများကလည်း စခများနဲ့ ဝေးဝေးနေပေးပါ၊နောက်ဆို ရှောင်ရှားငဲ့ညာ သွားတော့မှာ မဟုတ်ပါဘူး´ ဟု ခရမ်း-PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။
ခရမ်းမြို့နေပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများရှိရာ နေရာများတွင် မနေထိုင်ကြရန်၊ လုံးဝမကပ်ကြရန်နှင့် ဝေးဝေးမှရှောင်ရှားသွားကြပါရန် နောက်ဆုံးအကြိမ် ပြင်းပြင်းထန်ထန် သတိပေးထုတ်ပြန်လိုက်ကြောင်းနှင့် ယခုလို သတိပေးထုတ်ပြန်သည့်ကြားမှ နောက်ထပ်မစ်ရှင်များတွင် ပြည်သူများရှိနေပါက မည်သည်ကိုမျှ ရှောင်ရှားတော့မည်မဟုတ်ဘဲ စစ်ဆင်ရေးကိုသာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ခရမ်း-PDF က ပြင်းပြင်းထန်ထန် သတိပေးပြောကြားထားပါသည်။
ထို့ပြင် ခရမ်း-PDF အနေဖြင့် ရှေ့ဆက် စစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့်တင်၍ အပြင်းအထန် တိုက်ခိုက်သွားတော့မည်ဖြစ်ကြောင်း သိရပါသည်။
Khayan Channel
No comments:
Post a Comment