(ဧပြီ ၁၃)
ယနေ့နေ့လည် (၁၁:၄၀)နာရီ စစ်ခွေးများတပ်စွဲထားသော ဇွဲတွန်စစ်ဆေးရေးဂိတ် သို့ ကျွန်ုပ်တို့တပ်ဖွဲ့ဝင်များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မိနစ်(၄၀)နီးပါး အပြန်အလှန်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ကျွန်ုပ်တို့မှ အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အလစ်အငိုက်တိုက်ခိုက်ခံရသောကြောင့် စစ်ခွေးများ အထိအခိုက်အကျအဆုံး များပြားနိုင်သည်။
ထို့ပြင် ခမတ်ကျေးရွာတွင် သက္ကမြို့မှဆင်းလာသည့် စစ်ကားများကို ကင်းထောက် ပေးနေသည့် စစ်ခွေးတစ်ကောင်ကိုလည်း မိုင်းခွဲတိုက်ခိုက် ငရဲပို့ပေးခဲ့သည်။
သက္ကလမြို့မှစစ်ကူဆင်းလာသည့် စစ်ခွေးကားများကိုလည်း သက္ကလနှင့်ဇွဲတွန်ကြား တွင် လမ်းမိုင်းဖြင့်တိုက်ခိုက်ခဲ့သည်။ ထို့သို့ လမ်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရသောကြောင့် သက္ကလမှစစ်ခွေးများသည့် စစ်ကူမပေးတော့ပဲ ကြောက်လန့်ကာ ပြန်လည်ဆုတ်ခွာသွားကြသည်။
ယခုတိုက်ခိုက်မှုဖြစ်စဉ်များတွင် စစ်ခွေးများ (၁၀)ဦးထက်မနည်း ထိခိုက်ကျဆုံး နိုင်ပြီး အသေးစိတ်ကိုမူ အတည်မပြုနိုင်သေးပါ။
ယနေ့ သင်္ကြန်အကြိုနေ့ Fire Dragon ပူးတွဲစစ်ဆင်ရေးကို PDF (Khayan) နှင့် ပဲခူးခရိုင် PDF တပ်ရင်း (၁) ၊ တပ်ခွဲ-၂ ( ကဝပကဖ ၊ KPDF) တို့က ပူးပေါင်းတိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။
PDF(Khayan)
Kawa People Defence Force (KPDF)
Khayan Channel
No comments:
Post a Comment