မြတ်မေတ္တာမွန်ဆီဆိုင်နှင့် The One Entertainment တို့ကို မြို့ပြပြောက် ကျားတပ်ဖွဲ့ ဗုံးခွဲ တိုက်ခိုက်
ရန်ကုန်၊ ဧပြီ ၁၉
စစ်ကောင်စီ၏ ထောက်တိုင်တစ်ခုဖြစ်သည့် အရှေ့မြင်းပြိုင်ကွင်းလမ်းက မြတ်မေတ္တာမွန်ဆီဆိုင်နှင့် ပြည်သူများ ကို စိတ်အနှောက်အယှက်ပေးနေသော The One Entertainmentကို ယနေ့နံနက်က ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း Bahan's Guerrilla force (B-PDF)တာဝန်ခံ ဇာမဏီမှ လူငယ့်ခေတ်သို့ ပြော သည်။
"အတိုးချုံးပြောရမယ်ဆိုရင် The One ကတော့ ပြည်သူလူထု အနှောင့်အ ယှက်ဖြစ်စေတာကို ပြည်သူတွေ တိုင် ကြားတာကော ကျွန်တော်တို့ဘက်ခြမ်းက သေချာတာကောကြောင့်ပါ၊ ဆီဆိုင်ကတော့ အခွန်ငွေတွေ စကစ ရဲ့လက် အောက်ခံပုံစံပါဘဲ အဲ့ဒါကြောင့်တိုက်ခိုက်ခဲ့တာပါ"ဟု ဇာမဏီက ပြောသည်။
အဆိုပါ မစ်ရှင်တွင် အကြမ်းဖက်စစ်ကောင်စီဘက်က အနီးအနားတစ်ဝိုက်တွင် ရှိနေသောကြောင့် အခက်အခဲတချို့ရှိခဲ့ကြောင်းလည်း B-PDF က ဆိုသည်။
"The One ကတော့ သတိပေးတာ မဟုတ်ပါဘူး သူတို့အသိတရားဝင်အောင် နောက်ဆုံးအနေနဲ့ အသိပေးတာပါ ဆီဆိုင်က ဆီကန်နဲ့ အရမ်းကပ်ပြီးလုပ်ရင် အနောက်ဘက်က ပြည်သူလူနေအိမ်တွေကို ထိခိုက်မှာစိုးလို့ပါ၊ အဲ့အတွက်ကြောင့် ပိတ်သိမ်းစေချင်တဲ့သဘောဘဲ လုပ်လိုက်တာပါ ကျွန်တော်တို့က ပြည်သူထဲက ပြည်သူဖြစ်တဲ့အတွက် အဲ့လိုဘယ်တော့မှ မလုပ်ပါဘူး"ဟု B-PDF တာဝန်ခံ ဇာမဏီက ထပ်မံပြောသည်။
ထို့ပြင် ရန်ကုန်တိုင်းအတွင်းရှိ ပြည်သူများအနေဖြင့် ကူညီနိုင်သည့်ဘက်က ပါဝင်ပေးကြရန်လည်း ယင်းအဖွဲ့က တိုက်တွန်းသည်။
မြတ်မေတ္တာမွန်ဆီဆိုင်သည် အကြမ်းဖက်စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းနေသည့် ကုမ္ပဏီဖြစ်သည့် အတွက် မြို့ပြပြောက်ကျားတပ်ဖွဲ့များက တိုက်ခိုက်လျက်ရှိသည်။
အဆိုပါ မြတ်မေတ္တာမွန်ဆီဆိုင်သည် ယခင် ကြံ့ခိုင်ရေးပါတီဝင် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဟောင်း မြန်မာနိုင်ငံစက်သုံးဆီအသင်း တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးဝင်းမြင့် ပိုင်ဆိုင်ခြင်းဖြစ်သည်။
Lu Nge Khit
No comments:
Post a Comment