ဧပြီ - ၁၆
အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဟာ ဧပြီ(၁၅)ရက် သင်္ကြန်အကြတ်နေ့က ရှေ့တန်းစခန်း တစ်နေရာမှာ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေနှင့်အတူ ရှိနေကြောင်း NUG က ထုတ်ပြန်ပါတယ်။
NUG ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်နေ့မှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ရဲ့ ပုံတွေ ထုတ်ပြန်တာ ဖြစ်ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ မဖော်ပြထားပါဘူး။
လက်ရှိမှာ NUG ကာကွယ်ရေး ဝန်ကြီးဌာနက နိုင်ငံတဝန်းမှာ PDF တပ်ရင်း၊ တပ်ဖွဲ့ ရာနှင့်ချီ ဖွဲ့စညး်ထားပြီး လက်နက်တပ်ဆင်နိုင်ရေး ကြိုးစားလုပ်ဆောင်နေတယ်လို့ NUG ရဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသွားပါတယ်။
Mandalay Free Press - MFP
NUG ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်ရဲ့ ရှေ့တန်းတစ်နေရာက ပုံတွေ ထုတ်ပြန်
Reviewed by THITHTOOLWIN
on
23:44
Rating:
No comments:
Post a Comment