Non-CDM ဝန်ထမ်းတွေကို နောက်ဆုံးအကြိမ်သတိပေးတဲ့အနေနဲ့ နတ်မောက်မြို့နယ်ပညာရေးမှူးရုံးကို PDF ဗုံးခွဲဟုဆို
နတ်မောက်၊ ဧပြီ ၁၀၊ ၂၀၂၂။
မကွေးတိုင်း၊ နတ်မောက်မြို့နယ်ပညာရေးရေးမှူးရုံးမှာ ဧပြီလ ၉ ရက် မနေ့ကည ၇ နာရီလောက်မှာ ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေကို ငါးပြေမပြောက်ကျားတပ်ဖွဲ့က နောက်ဆုံးအကြိမ်သတိပးတဲ့အနေနဲ့ ဖောက်ခွဲခဲ့တာဖြစ်ပြီး၊ ထိခိုက်မှုအခြေအနေကိုတော့ အသေးစိတ်မသိရသေးဘူးလို့ အဲ့ဒီအဖွဲ့ရဲ့ တာဝန်ခံ ဗိုလ်ငါးခူက ပြောပါတယ်။
"ည ၇ နာရီကျော်က နတ်မောက်မြို့နယ်ပညာရေးမှူးရုံးကို ချိန်ကိုက်ဗုံး ၁ လုံးခွဲခဲ့တယ်။ ရုံးထဲကလူတွေတော့ ထိခိုက်မှုရှိမယ်လို့ ထင်ပါတယ်။ အသေးစိတ်တော့မသိရသေးပါဘူး။ စစ်သားတွေတော့ မရှိဘူး။ အဓိကကျနော်တို့ ပထမဆုံးအနေနဲ့ ဌာနဆိုင်ရာဝန်ထမ်းအသီးသီးကို နောက်ဆုံးသတိပေးတဲ့အနေနဲ့ ကျနော်တို့ခွဲခဲ့တာ၊ နောက်ဆိုရင် ရုံးတက်ချိန်ခွဲမှာပါ" လို့ သူကပြောပါတယ်။
ဒါ့အပြင် နတ်မောက်မြို့နယ်စည်ပင်ရုံးနဲ့ EPC ရုံးမှာလည်း သတိပေးချက်အနေနဲ့ ချိန်ကိုက်ဗုံးတလုံးစီကို မဖောက်ခွဲပဲ ထားခဲ့တယ်လို့လည်း ဗိုလ်ငါးခူက ဆိုပါတယ်။
ငါးပြေမပြောက်ကျားတပ်ဖွဲ့အနေနဲ့ စစ်ကောင်စီကဦးစီးကျင်းပမယ့် သင်္ကြန်မှာလည်း ပြည်သူတွေအနေနဲ့မပါဝင်ကြဖို့ကို သတိပေးချက်ထုတ်ပြန်ထားပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment