ရေးမြို့နယ်တွင် Mytel ဖုန်းတာဝါတိုင် ၃ ခုမီးရှိူ့ဖျက်ဆီးခံရပြီးနောက် ကျေးရွာတွင်း ဝင်ရောက်စစ်ဆေးမှုများ လုပ်ဆောင်
ဧပြီ ၅ ရက်၊ ၂၀၂၂ ခုနှစ်၊
မွန်ပြည်နယ် ၊ ရေးမြို့နယ် ကနင်ကမော့၊ နင်းစုံ၊ ဘဲလမုရွာရှိ စစ်ကောင်စီတပ်ပိုင် Mytel တာဝါတိုင် ၃ ခုကို ဧပြီလ ၄ ရက်နေ့က မီးရှို့ဖျက်ဆီးခံခဲ့ရပြီးနောက် စစ်ကောင်စီတပ်များရောက်ရှိလာပြီး ကျေးရွာတွင်း ဝင်ရောက်စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။
ထို့အပြင် လက်ရှိတွင် ကနင်ကမော့ရွာ ဘုရားတောင်ပေါ်၌ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်တပ်စွဲနေထိုင်လျက်ရှိသည့်အတွက် တိုက်ပွဲဖြစ်ပွား လာမည်ကို ဒေသခံများက စိုးရိမ်နေလျက်ရှိသည်ဟု သိရသည်။
အဆိုပါ ဖုန်းတာဝါတိုင်များကို မည်သူမည်ဝါက လာရောက်မီးရှို့ဖျက်ဆီးခဲ့သည်ကို ယခုအချိန်ထိ ဒေသခံများမှ မသိရှိရသေးကြောင်းလည်း ဘဲလမုရွာ ဒေသခံတစ်ဦး က ယနေ့ ဧပြီလ ၅ ရက်နေ့တွင် ကေအိုင်စီသို့ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်၊ ရေးမြို့နယ် (KNU ဝင်းရေးမြို့နယ်) ဘဲလမု၊ နှင်းစုံ၊ ကနင်ကမော့ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်က မကြာခဏဆိုသလို စစ်ရေးဝင်ရောက်လှုပ်ရှားလေ့ရှိပြီး တော်လှန်ရေးအင်အားစု အဖွဲ့များနှင့်လည်း ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။
Karen Information Center -KIC
No comments:
Post a Comment