ဓာတ်ပုံ၊ MGF |
ဧပြီ - ၂၈
အကွာအဝေး မီတာ (၇၀၀) ကျော်ထိရောက်တဲ့ လျှော့ဒုံး လေယာဉ်ပစ်လက်နက်တွေ စမ်းသပ်အောင်မြင်တယ်လို့ Myingyan Guerrilla Force (MGF) က ထုတ်ပြန်ထားပါတယ်။
MGF နဲ့ Independence Army - IA နှစ်ဖွဲ့ပေါင်း ထုတ်လုပ်ထားတာဖြစ်ပြီး နယ်မြေခံ ပကဖများရဲ့ ခွင့်ပြုချက်နဲ့ မနေ့ကညပိုင်းမှာ စမ်းသပ်ခဲ့တယ်လို့ သိရပါတယ်။
" တောင်သူများ တောလုပ်ရမည်ဖြစ်သောကြောင့် နေ့ခင်းတွင် စမ်းသပ်ရန်အဆင်မပြေသဖြင့် ယနေ့ညပိုင်း စမ်းသပ်ခဲ့ပါတယ် " လို့ MGF က ပြောဆိုထားပါတယ်။
ဆက်လက်ပြီး ပိုမိုကောင်းမွန်ထိရောက်တဲ့ လက်နက်တွေ တီထွင်ကြံဆ ထုတ်လုပ်သွားဦးမယ်လို့လည်း သတင်းစကား ပါးထားပါသေးတယ်။
Mandalay Free Press - MFP
မီတာ (၇၀၀)ကျော်ထိ ရောက်သည့် လျှော့ဒုံး လေယာဉ်ပစ်လက်နက်များ စမ်းသပ်အောင်မြင်ဟု မြင်းခြံ MGF ထုတ်ပြန်
Reviewed by THITHTOOLWIN
on
19:38
Rating:
No comments:
Post a Comment