ကဝမြို့နယ်တွင် စစ်ကောင်စီတပ်သားများရှိနေသော နေရာ ၃ နေရာကို KPDF က ယနေ့ အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်
(ဧပြီ ၅)
ကဝမြို့နယ်တွင် စစ်ကောင်စီတပ်သားများ လိုက်ပါစီးနင်းလာသော မော်တော်ယာဥ်တစ်စီးအား နံနက် ၇ နာရီ အချိန်ကလည်းကောင်း၊ ကဝမြို့နယ် ငါးထပ်ကြီးဘုရားလမ်းထိပ်ရှိ စစ်ကောင်စီတပ်သားများရှိနေသည့် ကင်းဂိတ်အား နံနက် ၈ နာရီ ၁၅ မိနစ်အချိန်ကလည်းကောင်း၊ အလားတူ အုန်းနဲကျေးရွာတွင် စစ်ကောင်စီတပ်သားများရှိနေသည့် ကင်းဂိတ်အား နံနက် ၁၁ နာရီအချိန်ကလည်းကောင်း အသီးသီးစီဖြင့် စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ကာ ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Kawa People´s Defence Force - KPDF)မှ အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။
ထိုသို့ ဖောက်ခွဲတိုက်ခိုက်ရာတွင် ပြည်သူလူထုမှာ အကြမ်းဖက်စစ်ခွေး၊ ရဲခွေးများနှင့် ရောနှောနေထိုင်ခြင်း၊ ၎င်းတို့အနီးအနားတွင် နေထိုင်သွားလာလှုပ်ရှားခြင်းများကြောင့် တော်လှန်ရေးရဲဘော်များအတွက် ပစ်မှတ်ကို ထိရောက်စွာ တိုက်ခိုက်နိုင်ရေးမှာ များစွာ အနှောင့်အယှက်ဖြစ်ခဲ့ရကြောင်း၊ အရပ်သားအပြစ်မဲ့ပြည်သူများနှင့် ကလေးသူငယ်များအား မထိခိုက်စေရေးကို ရှေးရှု၍ ချင့်ချိန်ပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ရသဖြင့် KPDF ၏ ရည်မှန်းသော ရလဒ်အား လွဲချော်ခဲ့ရကြောင်း KPDF က ထုတ်ပြန်ထားသည်။
ထို့ပြင် ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ခွေး၊ ရဲခွေးများနှင့် ပျူစောထီး၊ သတင်းပေးဒေါက်တိုင်တို့အား ပိုမိုထိရောက်ပြင်းထန်သော စစ်ရေးလှုပ်ရှားမှု ဆက်လက်ပြုလုပ်သွားမှာ ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ၎င်းတို့နှင့် နီးကပ်စွာ မနေကြပဲ ရှောင်ကွင်း၍ သွားလာကြပြီး ဝေးဝေးမှာနေပေးကြပါရန် အထူး(အထူး)သတိပေးထုတ်ပြန်အပ်ပါကြောင်း KPDF က ပြည်သူများထံသို့ ပူးတွဲသတိပေးထုတ်ပြန်ထားပါသည်။
Khayan Channel
No comments:
Post a Comment