ဓာတ်ပုံ - KNLA တပ်မဟာ ၅ မှ တပ်ဖွဲ့ဝင်တချို့ကိုတွေ့ရစဉ်။ (Photo: Salween Press) |
ဧပြီ ၂၈ ရက်နေ့၊ ၂၀၂၂
ကရင်ပြည်နယ် ဖာပွန်ခရိုင် သံလွင်မြစ်ကမ်းရှိ နောက်ထပ်နာမည်ကြီး စစ်ကောင်စီစခန်းတစ်ခုဖြစ်သည့် ကျောက်ညပ်စခန်း ဒီနေ့ ဧပြီလ ၂၈ ရက်နေ့မနက်မှာ ကျသွားပြီးလို့ KNLA တပ်မဟာ ၅ သတင်းရင်းမြစ်ကပြောပါတယ်။
ကျောက်ညပ်စခန်းသည် သံလွင်မြစ်ကမ်းရှိ အဓိကအရေးပါသည့် စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်ပြီး တပ်အင်အား ၂၀ ခန့်ရှိတယ်လို့ သတင်းရင်းမြစ်ကခန့်မှန်းပါတယ်။
ကျောက်ညပ်စခန်းကျပြီးတဲ့နောက် သံလွင်မြစ်ရှိ မယ်နုထာ့ကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့လို့ ဒေသခံရွာသားအများအပြားထွက်ပြေးကြရတယ်လို့ ဒေသခံရွာသားတွေထံမှ သိရပါတယ်။
"ကျောက်ညပ်ဝလုစခန်းကျသွားပြီး။ ကျောက်ညှပ်စခန်းဝလူစခန်း။ သူတို့တပ်အင်အား ၂၀ လောက်ရှိမယ်။ ဒီနေ့ပဲ သူများ (KNLA) စစ်သားတွေ သွားတိုက်တာ ကျသွားပြီး။ အဲ့နောက်မှာ လေယာဉ်နဲ့လာပြီးဗုံးကြဲတယ်။ ရွာသားတွေလည်း ထွက်ပြေးကြတယ်" လို့ KNLA နဲ့နီးစပ်သည့် နယ်မြေခံသတင်းရင်းမြစ်ကပြောပါတယ်။
နောက်ထပ် ဒေသခံနှစ်ဦးနှင့် KNLA တပ်မဟာအတွင်းရှိ သတင်းရင်းမြစ်တစ်ဦးလည်း ကျောက်ညပ်စခန်းကျတာ မှန်ကန်ကြောင်း အတည်ပြုပြောပါတယ်။
တိုက်ပွဲမှာ KNLA ဖက်မှ တစ်ဦးကျပြီး တစ်ဦးဒဏ်ရာရတယ်လို့ ကနဦးသတင်းရရှိပါတယ်။
Salween Press
No comments:
Post a Comment