KNU တပ်မဟာ(၆)နယ်မြေတွင် ကော်ဘရာစစ်ကြောင်း လက်ဖြောင့်တပ်သား ပစ်ခတ်၍ စစ်ကောင်စီတပ် နှစ်ဦးသေ


ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) တပ်မဟာ (၆)နယ်မြေတွင် စစ်ရေးလှုပ်ရှားနေသည့် KNLA ၏ ကော်ဘရာစစ်ကြောင်းမှ လက်ဖြောင့်တပ်သား၏ လက်ချက်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ယနေ့ထုတ်ပြန် သည်။

ဧပြီ ၄ရက် ညပိုင်းက မြ၀တီ - ဝေါ်လေ လမ်းအနီး လေးကေ့ကော်ဒေသ၌ စစ်ရေးလှုပ်ရှားနေသည့် ကော်ဘရာ စစ်ကြောင်းကို စစ်ကောင်စီတပ်၏ စွယ်တော်ကုန်း (အမြောက်ကုန်း)မှ လက်နက်ကြီးဖြင့် ​လေးကြိမ် ရမ်းသန်းပစ်ခတ်ခဲ့ရာ ကော်ဘရာစစ်ကြောင်းမှ ထိခိုက်၊ ကျဆုံး မရှိခဲ့ကြောင်း၊  ယနေ့ နံနက်နှင့် ညနေပိုင်းတွင် ကော်ဘရာ စစ်ကြောင်း၏ လက်ဖြောင့် စနိုက်ဘာများကြောင့် အကြမ်းဖက် စစ်ကောင်စီဘက်မှ နှစ်ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ကော်ဘရာစစ်ကြောင်းသည် ပြီးခဲ့သည့်မတ်လကုန်ပိုင်းကလည်း မြ၀တီ ဝေါ်လေဘက်သို့ အင်အားဖြည့်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများခဲ့သည်။


People's Spring 

KNU တပ်မဟာ(၆)နယ်မြေတွင် ကော်ဘရာစစ်ကြောင်း လက်ဖြောင့်တပ်သား ပစ်ခတ်၍ စစ်ကောင်စီတပ် နှစ်ဦးသေ KNU တပ်မဟာ(၆)နယ်မြေတွင် ကော်ဘရာစစ်ကြောင်း လက်ဖြောင့်တပ်သား ပစ်ခတ်၍ စစ်ကောင်စီတပ် နှစ်ဦးသေ Reviewed by THITHTOOLWIN on 22:21 Rating: 5

No comments:

Powered by Blogger.