KNU တပ်မဟာ ၅ နယ်မြေ၌ တစ်လအတွင်းဖြစ်ပွားခဲ့သည့်တိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီနှင့် BGF တပ်သား ၁၁၈ ဦးသေဆုံး

ပုံစာ- KNU တပ်မဟာ ၅ နယ်မြေ၌ မတ်လ အတွင်း ဖြစ်ပွါးခဲ့သောတိုက်ပွဲများမှ သိမ်းဆည်းရမိသော လက်နက်များနှင့် အခြားထိခိုက်ပျက်စီးခဲ့မှုများကိုတွေ့ရစဥ်

ကရင်ပြည်နယ်၊ ဧပြီ ၂

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေတွင် မတ်လအတွင်း တိုက်ပွဲပေါင်း ၃၅၀ ကျော်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် BGF ကြေးစားတပ်သား ၁၁၈ ဦးသေဆုံးသွားခဲ့ကြောင်း ကေအဲန်ယူ-မူတြော်က ယနေ့သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏သေဆုံးမှုတွင် တပ်ရင်းမှူးတစ်ဦး၊ ဒု-တပ်ရင်းမှူးတစ်ဦးနှင့် တပ်ကြပ်ကြီးတစ်ဦး တို့ပါဝင်ပြီး ကရင့်အမျိုးသားတပ်မတော် KNLA ဘက် မှ တပ်ဖွဲ့ဝင် ၁၀ ဦးကျဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တစ်လအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ၅၉ ဦးဒဏ်ရာရရှိသွားခဲ့ပြီး KNLA ဘက်မှ ၂၈ ဦးဒဏ်ရာရရှိခဲ့သည်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားစဉ်ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်သည့်အပြင် လက်နက်ငယ်များဖြင့်လည်း ကျေးရွာများနှင့်လယ်ယာ၊ ခြံမြေများအတွင်းသို့ ရမ်းသမ်း ပစ်ခတ်မှုများ ပြုလုပ်သဖြင့် အပြစ်မဲ့ပြည်သူ ၁၈ ဦးသေဆုံးသွားခဲ့ပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီဘက်မှ ပြည်သူ များနေထိုင်ရာ ကျေးရွာများနှင့် လယ်ယာ၊ ခြံမြေများအတွင်းသို့ တစ်လအတွင်း လက်နက်ကြီးအလုံးရေ ၄၇၄ လုံးလူမဆန်စွာပစ်ခတ်ခဲ့ပြီး ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးဆံ ၁၃ လုံးလာ ရောက်ကြဲချသွားခဲ့ကြောင်း ကေအဲန်ယူ-မူတြော်၏ ထုတ်ပြန်ချက်အရသိရသည်။ 


Lu Nge Khit

KNU တပ်မဟာ ၅ နယ်မြေ၌ တစ်လအတွင်းဖြစ်ပွားခဲ့သည့်တိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီနှင့် BGF တပ်သား ၁၁၈ ဦးသေဆုံး KNU တပ်မဟာ ၅ နယ်မြေ၌ တစ်လအတွင်းဖြစ်ပွားခဲ့သည့်တိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီနှင့် BGF တပ်သား ၁၁၈ ဦးသေဆုံး Reviewed by THITHTOOLWIN on 21:54 Rating: 5

No comments:

Powered by Blogger.