မြ၀တီမြို့တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များ ညတိုက်ပွဲဖြစ်ပွားနေ

Photo-CJ

ဧပြီလ ၂၉ ရက်၊ ၂၀၂၂ ခုနှစ်။

မြ၀တီမြို့အ၀င် ရပ်ကွက်အမှတ် ၄ ရပ်ကွက် အောင်မြေရွှေဘုံရပ်ဘက်ရှိ မချောလေးဘုရားတောင် ကုန်းများဘက်တွင် ယနေ့ ဧပြီလ ၂၉ ရက် ည ၇နာရီကျော် အချိန်၌ လက်နက်ကြီးများဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု အပါအ၀င် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည်ဟု မြေပြင်သတင်းအရ သိရသည်။ 

ယနေ့ ဧပြီလ ၂၉ ရက်နံနက်ပိုင်းက တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် ယနေ့ ည ၇နာရီကျော်အချိန်တွင် လက်နက်ကြီးဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအပါအ၀င် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေသည့်အတွက် ရပ်ကွက်နေထိုင်သူများမှာ  တိုက်ပွဲဖြစ်ပွားရာ ရပ်ကွက်အတွင်း ပိတ်မိနေကြောင်း မြို့ခံများက ပြောသည်။ 

"လက်နက်ကြီးတွေ တောက်လျှောက် ပစ်နေတယ်၊ ရပ်ကွက်ထဲ တစ်ချို့က အိမ်တွေထဲ တံခါးပိတ်ပြီး နေနေကြရင်း တိုက်ပွဲထဲဘယ်ဘက်ကိုမှ ထွက်ပြေး ရှောင်မရဘဲ ပိတ်မိနေတယ်၊ "ဟု အောင်မြေ ရွှေဘုံရပ်ကွက် နေထိုင်သူတစ်ဦးကပြော ပြောသည်။ 

ယနေ့ နံနက်က စတင်ဖြစ်ပွားသည့် အဆိုပါ ရပ်ကွက်တွင်းတိုက်ပွဲတွင် အရပ်သား ၃ ဦးနှင့် နယ်ခြားစောင့်တပ် -BGF တပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှုရှိကြောင်း၊ လက်ရှိရပ်ကွက်နေ ပြည်သူများသည် မြို့တွင်းရှိ ဟေမာန်ဦး၊ ကြက်ခတ်တော ရဘုန်ကြီးကျောင်းဘက် ပြေးရှောင်သူလည်းရှိသလို မြို့ပြင် မြေနီကုန်းဘုန်ကြီးကျောင်းဘက် ပြေးရှောင်ကြသူများရှိကြောင်းလည်း အဆိုပါ မြို့ခံက ဆက်ပြောသည်။ 

မြ၀တီ မြို့အနီးတိုက်ပွဲ ဖြစ်ပွားနေသည့်အတွက် မြ၀တီအာရှလမ်းမနှင့် မြို့ပေါ်ရပ်ကွက် လမ်းမများတစ်လျှောက် မြ၀တီအခြေစိုက် BGF နှင့် စစ်ကောင်စီ တပ်များအင်အား အများအပြား လှည့်လည်နေရာယူထားသည်ဟု မြို့ခံများက ပြောသည်။ 

တိုက်ပွဲဖြစ်ပွားရာ မချောလေးဘုရားကုန်းဘက်သို့ စစ်အင်အား ဖြည့်တင်း ၀င်ရောက်ပြီး လက်နက်ကြီးအဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေသည့်အတွက် မြို့တွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲထိခိုက် ပျက်စီးမှုများရှိလာမည့်အရေး စိုးရိမ်လျက်ရှိကြောင်း သိရပါသည်။


Karen Information Center -KIC 

မြ၀တီမြို့တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များ ညတိုက်ပွဲဖြစ်ပွားနေ မြ၀တီမြို့တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များ ညတိုက်ပွဲဖြစ်ပွားနေ Reviewed by THITHTOOLWIN on 22:47 Rating: 5

No comments:

Powered by Blogger.