မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သားငါးဦးထက်မနည်းသေဆုံးကြောင်း Kyaikhto Revolution Force တာဝန်ရှိသူက People's Springသို့ ပြောသည်။
ယနေ့ (ဧပြီ ၂၅ ရက်) နံနက် ၇ နာရီခွဲခန့်က အင်္ဂဘိုကျေး ရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၄၀ ဖြင့် စစ်ကြောင်းထိုးရာမှ ထိတွေ့မှု ဖြစ်ခဲ့ခြင်းဟု ဆို သည်။
"ကျွန်တော်တို့ ကင်းအဖွဲ့က ရဲဘော်တွေရှိတဲ့နေရာကို တက်လာတာ။အဲဒါကြောင့် မိနစ် အတန်ကြာ တိုက်ပွဲ ဖြစ်ခဲ့တယ်"ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
တိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်ဘက်မှ အထိခိုက်အကျဆုံးမရရှိဘဲ စစ်ကောင်စီတပ်သား ငါးဦးထက်မနည်းသေဆုံးခဲ့ပြီး ခြောက်ဦးဒဏ်ရာရသည်ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်က သေဆုံး၊ဒဏ်ရာရရှိသူများအားကျိုက်ထိုဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်းလည်း Kyaikhto Revolution Forceက အသိပေးသည်။
People's Spring
No comments:
Post a Comment