စစ်ကောင်စီတပ်ရင်း ခမရ ၅၈၅ မှ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင်နှင့် တပ်သား ၁ ဦး လက်နက်များနှင့်အတူ KNLA ထံ အလင်းဝင်


ရန်ကုန်၊ ဧပြီ ၂

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ၊ မြဝတီမြို့နယ်၊ လေးကေ့ကော်ဒေသသို့ ထိုးစစ်ဆင်နေသော အကြမ်းဖက်စစ်ကောင်စီတပ်၏ ခမရ ၅၈၅ မှ ဒု-တပ်ရင်းမှူး ဗိုလ်မှူး တင်လင်းအောင်နှင့် တပ်သားဟိန်းမင်းထွေးတို့ ၂ ဦးသည် KNLA ကော်ဘရာစစ်ကြောင်းထံ သေနတ် ၃ လက်နှင့်အတူ အလင်းဝင်လာကြောင်း သိရှိရသည်။

ဒုတပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင်နှင့် တပ်သားသည် MA3 ၁ လက်၊ MA1 ၁ လက်၊ ပစ္စတို ၁ လက်နှင့်အတူ ကော်ဘရာစစ်ကြောင်းထံ အလင်းဝင်လာခဲ့ခြင်းဖြစ်ပြီး လုံခြုံသည့်နေရာတွင် စောင့်ရှောက်ပေးထားကြောင်း ကော်ဘရာစစ်ကြောင်းက ယနေ့ သတင်းထုတ်ပြန်သည်။

ခမရ (၅၈၅) တပ်ရင်းသည် တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ဟန်ကပြုကျေးရွာ အခြေစိုက် စစ်ကောင်စီတပ်ရင်း ၁ ခု ဖြစ်သည်။


မျက်မှောက်ခေတ် 

စစ်ကောင်စီတပ်ရင်း ခမရ ၅၈၅ မှ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင်နှင့် တပ်သား ၁ ဦး လက်နက်များနှင့်အတူ KNLA ထံ အလင်းဝင် စစ်ကောင်စီတပ်ရင်း ခမရ ၅၈၅ မှ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးတင်လင်းအောင်နှင့် တပ်သား ၁ ဦး လက်နက်များနှင့်အတူ KNLA ထံ အလင်းဝင် Reviewed by THITHTOOLWIN on 21:50 Rating: 5

No comments:

Powered by Blogger.