ဧပြီ ၂၅ ရက်၊ ၂၀၂၂ခုနှစ်။
ဒေသခံ လူထုများအတွက် ဘေးဒုက္ခနှင့် စိုးရိမ်ကြောက်ရွံ့မှု ဖြစ်စေသည့် စစ်ကောင်စီ တပ်စခန်း ၂ ခုကို ယနေ့ ဧပြီလ ၂၅ ရက်နေ့မှစ၍ ၁၅ ရက်အတွင်း အပြီးတိုင် ရုပ်သိမ်းပေးရန် ကရင်အမျိုးသား အစည်းအရုံး-KNU တပ်မဟာ (၂)နယ်မြေရှိ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO တပ်ရင်း(၄) ဌာနချုပ်က ယနေ့ ရက်စွဲဖြင့် သတိပေးထုတ်ပြန်ကြေညာလိုက်သည်။
တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ KNU တပ်မဟာ (၂) ၊ KNDO တပ်ရင်း(၄) နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ ကျီးချောင်းစစ်စခန်းနှင့် ၄၈ မိုင်ကိုးဒေး စစ်စခန်းများကြောင့် ထိုဒေသရှိ ဒေသခံ လူထုများအနေဖြင့် ထိတ်လန့်ကြောက်ရွံ့နေရပြီး မိုင်းကွင်းများကြောင့် နေ့စဉ်သွား လာနေထိုင်စားသောက်ရာ၌ အဟန့်အတား ဖြစ်စေသလို စစ်ကောင်စီ၏ ဦးတည်ချက်မဲ့ ပစ်ခတ်မှုများကို စိုးရိမ်ကြောက်လန့်နေရကြောင်း ဖော်ပြထားသည်။
KNDO တပ်ရင်း ၂ ဌာနချုပ်နှင့် နီးစပ်သူ တစ်ဦးက “ အဲ့ဒီစာထုတ်တာကတော့ အစစ်ပဲ။ ဒီကိစ္စကို ပြီးခဲ့တဲ့ လတွေကတည်းက ဆွေးနွေးထားတဲ့ ကိစ္စတွေပါ။ "ဟု ကေအိုင်စီသို့ အတည်ပြု ပြောသည်။
ထိုစစ်ကောင်စီ တပ်စခန်းများ တည်ရှိနေခြင်းအပေါ် ၎င်းတို့အနေဖြင့် လုံးဝလက်မခံနိုင်ကြောင်း နှင့် အဆိုပါ စာထုတ်ပြန်သည့်ရက်မှစ၍ ၁၅ ရက်အတွင်း စစ်စခန်းများကို အပြီးတိုင် ရုပ်သိမ်းထွက်ခွာ သွားရန် ဖော်ပြထားပြီး အဆိုပါ ရက်များထက် ကျော်လွန်တပ်စွဲထားပါက နောက်ဆက်တွဲကိစ္စများအား တာဝန်ယူမည် မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ ဧပြီလ ၂၀ ရက်နေ့က ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း ၂ ဌာနချုပ်က KNU တပ်မဟာ (၁) နယ်မြေအတွင်းရှိ လေးကေနှင့် ဝင်းတာပန် ကျေးရွာများတွင် တပ်စွဲထားသော နယ်ခြားစောင့်တပ်(BGF) နှင့် စစ်ကောင်စီ တပ်စခန်းများအနေဖြင့် ဧပြီလ ၂၃ ရက်နေ့ နောက်ဆုံး ထားပြီး နယ်မြေအတွင်းမှ ထွက်ခွာပေးရန်၊ မထွက်ခွာပါက စစ်ရေးအရ ပြင်းထန်စွာ အရေးယူမည်ထုတ်ပြန်ခဲ့သေးသည်။
KNDO တပ်ရင်း ၂ ဌာနချုပ်က သတိပေးစာထုက်ပြန်ခဲ့သော်လည်း စစ်ကောင်စီတပ်နှင့် BGF များမှာ စခန်းအတွင်း ထွတ်ခွာခြင်းမရှိသည့်အပေါ် KNDO ဘက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်း ထန်လာခဲ့ကာ စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပတ်ဝန်းကျင်သို့ ပြန်လည်၍ ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
KNU ဘီးလင်းမြို့နယ်၊ KNDO တပ်ရင်း ၂ ဌာနချုပ်က ကြေညာချက်ထုက်ပြန်ပြီးနောက်ပိုင်း လေးကေ ကျေးရွာနှင့် ဝင်းတာပန်ကျေးရွာတွင် တပ်စခန်းချထားသော BGF တပ်ဖွဲ့များမှ လမ်းများကို ပိတ်ထား ကာ ဒေသခံများအား သွားလာခွင့် ပိတ်ပင်ခြင်းများရှိလာပြီး နှစ်ဖက်စစ်ရေးတင်းမာလာနိုင်ဖွယ်ရှိသဖြင့် အနီးတစ်ဝိုက်ရှိ ဒေသခံပြည်သူများမှာ နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေမှုများရှိကြောင်း ကေအဲန်ယူက သတင်းထုတ်ပြန်ထားသည်။
Karen Information Center -KIC
No comments:
Post a Comment