စစ်ကောင်စီတပ်မှူး နှစ်ဦးအပါအဝင် လျှပ်စစ်ဝန်ထမ်း ၂၆ ယောက်အား KNDF ဖမ်းဆီး


မဲခေါင်၊ ဧပြီ ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်း၊ လွိုင်ကော်-ဖယ်ခုံလမ်းမအနီးတွင်၊ စစ်မက်ဖြစ်ပွားမှုကြောင့် ပျက်စီးသွားသော လျှပ်စစ်တာဝါတိုင်များကိုပြင်ဆင်ရန်အတွက် အကြမ်းဖက်စစ် ကောင်စီတပ်မှ တပ်မှူးနှစ်ဦးအပါအဝင် ၄င်းတို့၏ လက်ပါးစေဝန်ထမ်းစုစုပေါင်း (၂၆) ဦး စီးနင်းလိုက်ပါသော မော်တော်ယာဥ်တစ်စင်းနှင့်အတူ ဆိုင်ကယ်တစ်စင်း၊ လျှပ်စစ်နှင့်ဆက်စပ်သောသက်သေခံ ပစ္စည်းများ ကို ဧပြီ ၂၁ တွင် KNDF မှ ဖမ်းဆီးရမိခဲ့ကြောင်းထုတ်ပြန်သည်။

ဖမ်းဆီးထားသော လျှပ်စစ်ဌာနမှ အကျဥ်းသားများကို သက်ဆိုင်ရာ ကရင်နီပြည်ရဲဌာန(KSP) သို့ လွဲပြောင်းပေးအပ် ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆွဲချက်တင်အရေးယူနိုင်ရန် ဆက်လက်စီစဥ် ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။

KNDF မှ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားအောက်တွင် ဆက်စပ်ပါဝင် တာဝန်  ထမ်းဆောင်သူများကို အရေးယူသွားမည်ဖြစ်သောကြောင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများတွင် တာဝန် ထမ်းဆောင်ခြင်း မပြုလုပ်ရန် သတိပေးသည်။

KNDF မှ ဖမ်းဆီးခြင်းခံရသော အကျဥ်းသားများကို လူ့ဂုဏ်သိက္ခာနှင့်အညီ ဖမ်းဆီးထိန်းသိမ်းထားသောကြောင့် ဖမ်းဆီးခံရသူများ၏ ဆွေမျိုးသားချင်းများ၊ အသိမိတ်ဆွေများနှင့်ပြည်သူများအနေဖြင့် စိုးရိမ်ပူပမ်ခြင်းမရှိကြပါရန် နှင့် ဆိုရှယ်မီဒီယာထက်တွင် ပြန့်နှံ့လျက်ရှိသော သတင်းအမှားများနှင့် ကောလဟာလများကို မယုံကြည်ကြရန်  KNDF က ထုတ်ပြန်သည်။


MeKong News - မဲခေါင်သတင်း

စစ်ကောင်စီတပ်မှူး နှစ်ဦးအပါအဝင် လျှပ်စစ်ဝန်ထမ်း ၂၆ ယောက်အား KNDF ဖမ်းဆီး စစ်ကောင်စီတပ်မှူး နှစ်ဦးအပါအဝင် လျှပ်စစ်ဝန်ထမ်း ၂၆ ယောက်အား KNDF ဖမ်းဆီး Reviewed by THITHTOOLWIN on 19:23 Rating: 5

No comments:

Powered by Blogger.