စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNDF တို့ ထီးသော်ကူးကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ လေးဦးသေဆုံး


ဒီးမော့ဆိုမြို့နယ် ထူးလွှီးဘီလာကျေးရွာကနေ ဖရူဆိုဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာမှာ KNDF  တို့က ပျောက်ကျားတိုက်ခိုက်ခဲ့ပြီး

စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့တယ်လို့ KNDF B-15 တာဝန်ရှိသူ တစ်ဦးထံကနေ သိရပါတယ်။

“ ဖြစ်တာကတော့ ၁၀နာရီဝန်းကျင်ပေါ့နော။ ကျမတို့က အခုက ပျောက်ကျားစနစ်နဲ့ပဲ သွားတာပေါ့နော။ ၁၀နာရီတစ်ခါ ညနေ ၆နာရီတစ်ခါတော့ လုပ်ဖြစ်တယ်။ တစ်ရက်ထဲကို နှစ်ကြိမ်ဖြစ်တယ်။ ဟုတ်တယ်။ သူတို့က အနီးတစ်ဝိုက်မှာတော့ ရှိတယ်။ ဒီရက်အခြေအနေတော့ ငြိမ်တယ်။ “ လို့ ၎င်း၎င်းက ဆက်ပြောပါတယ်။

မတ်လ ၃၁ရက်နေ့မှာ KNDF B-04 ၊ KNDF B-15 တို့ ပူးပေါင်းပြီး  တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဖရူဆိုမြို့နယ် ကဒါးလားကျေးရွာတောင်ကုန်းတစ်နေရာမှာ စစ်ကောင်စီတပ်စွဲထားတာရှိနေပြီး အရပ်သားပြည်သူတွေအနေနဲ့ အသွားအလာ မလုပ်ကြဖို့  ၎င်းကဆက်ပြောပါတယ်။ 

ယမန်နေ့ ( မတ်လ ၁ ရက်နေ့မှာ ) စစ်ကောင်စီက မနက် ၁နာရီအချိန်မှာ ဒီးမော့ဆိုမြို့နယ် ကွိုင်ငံကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး အသက် ၄၀အရွယ်် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ညနေ ၃နာရီအချိန်မှာ ဖရူဆိုမြို့နယ် လောထော်တနောကျေးရွာကို လက်နက်ကြီး ၃လုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။  ဖရူဆိုမြို့နယ်မှာရှိတဲ့ ခမရ ( ၄၂၈ ) တပ်က ပစ်ခတ်တာဖြစ်ပြီး ၁၂၀ လက်နက်ကြီး အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။


Kantarawaddy Times 

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNDF တို့ ထီးသော်ကူးကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ လေးဦးသေဆုံး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNDF  တို့ ထီးသော်ကူးကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ လေးဦးသေဆုံး Reviewed by THITHTOOLWIN on 21:42 Rating: 5

No comments:

Powered by Blogger.