စစ်ကြောင်းထိုးလာသော စကစတပ်အား KNDF နှင့်မဟာမိတ်တပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်၊ စကစတပ်သား (၈) ဦးသေဆုံးပြီး သေနတ်တစ်လက်နှင့် ခဲယမ်းအချို့သိမ်းဆည်းရမိ
ဧပြီ ၁၃
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာနှင့် လောကျေခူရွာသစ်ကျေးရွာကြားတွင် တံတားပြုပြင်ရန် စစ်ကြောင်းထိုးလားသော လေ့ကျင့်ရေးအမှတ် (၁၄) တပ်မှ အကြမ်းဖက်စကစများအား ယမန်နေ့ ညနေ ၄ နာရီခန့်က KNDF B-15 နှင့် မဟာမိတ်တပ်ဖွဲ့တို့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား (၈) ဦးသေဆုံးပြီး စကစတပ်၏ အိမ်စီးကားသေးတစ်စီး ဘက်ဖိုးသယ်လာသော ဆယ်ဘီး ဒါဘာကားကြီးတစ်စီးနှင့်အတူ ဘက်ဖိုးကားတစ်စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး MA2 တစ်လက်နှင့် ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ကြောင်း KNDF B-15 ကထုတ်ပြန်သည်။
တိုက်ပွဲအတွင်း KNDF B -15 မှ ရဲဘော်များ ထိခိုက်ဒဏ်ရာမရရှိခဲ့သော်လည်း မဟာမိတ်တပ်ဖွဲ့ဖက်မှ မစိုးရိမ်ရသော ထိခိုက်ဒဏ်ရာ တစ်ဦးရရှိခဲ့ကြောင်း သိရသည်။
PDF Newsflash
စစ်ကြောင်းထိုးလာသော စကစတပ်အား KNDF နှင့်မဟာမိတ်တပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်၊ စကစတပ်သား (၈) ဦးသေဆုံးပြီး သေနတ်တစ်လက်နှင့် ခဲယမ်းအချို့သိမ်းဆည်းရမိ
Reviewed by THITHTOOLWIN
on
19:25
Rating:
No comments:
Post a Comment