ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာအနီး စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်တပ်နှင့် တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်သားလေးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသည်ဟု ကရင်နီအမျိုး သားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၁၅ က ယနေ့(ဧပြီ ၁ ရက်) ထုတ်ပြန်သည်။
အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီတပ်သည် ဒီမော့ဆိုမြို့နယ် ထူလွှီးဘီလာကျေးရွာဘက်မှ စစ်ကြောင်းထိုးလာစဥ် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KNDF တာဝန်ရှိသူတစ်ဦးက ပြောသည်။
"မနေ့က ညနေပိုင်းလောက်က ဖြစ်တာ။သူတို့ဘက်က အင်အား ၁၀၀ ကျော်ပါတယ်။နယ်မြေ လာရှင်တဲ့ပုံစံ။ဒီပုံစံအတိုင်းဆို ဖရူဆို ဘက်မှာ ပါ တိုက်ပွဲတွေဆက်ပြင်းထန်လာနိုင်တယ်"ဟု ၎င်းက People's Springသို့ ပြောသည်။
တိုက်ပွဲတွင် KNDF B-15 နှင့် B-04ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ပေ။
လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဒီးမော့ဆိုမြို့နယ် စံပြ (၆) မိုင်ကျေးရွာ၊ (၅) မိုင်ကျေးရွာမှ ထူလွှီးဘီလာ၊ ဖရူဆိုမြို့နယ် ငွေတောင်ရွာသစ်တို့အထိ စစ်ကြောင်းထိုးနေသည်ဟု အသိပေးထားသည်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်သည် ရှမ်းပြည် နယ်မှ ကရင်နီပြည်သို့ ယာဥ်တန်းအစီး ၄၀စေလွတ်ပြီး ဒီးမော့ဆိုမြို့နယ်သို့ တပ်အင်အားဖြည့်တင်းနေသည်ဟုလည်း KNDFက ဆိုသည်။
People's Spring
No comments:
Post a Comment