မင်းကင်း၊ ဧပြီ ၂၇၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ ဧပြီလ ၂၆ရက် မနက် ၈နာရီလောက်ကဒေသခံ PDF တွေနဲ့ထိတွေ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီ ၂၁ ဦးသေဆုံးတယ်လို့ DRPA ကထုတ်ပြန်ထားပါတယ်။
အင်အား ၁၅၀ လောက်ပါတဲ့ ခလရ ၈၇ ခြေလျင်စစ်ကြောင်းနဲ့ ဇင်ကလဲကျေးရွာထိပ်မှာ တိုက်ပွဲဖြစ်ရာမှာ လက်နက်ကြီးနဲ့ ၃ ချက်ပစ်ခတ်စဉ် ၈ဦးသေပြီး လက်နက်ငယ်တွေနဲ့ ထပ်ပစ်ရာက ၂၁ ဦးထိ သေဆုံးခဲ့တာလို့ သိရပါတယ်။
"၈ ဦးက လက်နက်ကြီးနဲ့ပစ်လို့ ကျတာလက်နက်ငယ်တွေနဲ့ပါ ထပ်ပစ်လို့ ၂၁ ဦးကျတာပါ တပ်တွင်းသတင်းပေးဆီက သိရတာပါဗျ၊ ဆိုင်ကယ်၂စီးကတော့ ပြန်မယူနိုင်ခဲ့ဘူး။ ကျနော့အမြင်ကတော့ နေရာ အသာစီးရမူကြောင့်ပါ" လို့ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်(DRPA) တာဝန်ရှိသူက ပြောပါတယ်။
တိုက်ပွဲမှကြာချိန် ၁၅မိနစ်လောက်ရှိပြီး PDF ရဲဘော်တွေ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့သလို အဲဒီတိုက်ပွဲကို DRPA နဲ့ FRF၊ GALAXY FORCE DEPEYIN -ပကဖ၊ စစ်ကိုင်းခရိုင် ယင်း ၃၊ MDF၊ သံပေါက်ဒေသခံကာကွယ်ရေးတပ်တို့ ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment