မန္တလေးတွင် စစ်ကောင်စီအဖွဲ့၏ သတင်းပေးဒလန်ဟု နာမည်ထွက်နေသူကို DRM နှင့် အဖွဲ့က နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်း
မန္တလေး၊ သင်ပန်းကုန်း ညည (၉၂)ရပ်ကွက်အတွင်း အာဏာသိမ်းစစ်ကောင်စီ အဖွဲ့၏ သတင်းပေးဒလန်ဟု နာမည်ထွက်နေသူကို ယနေ့ ၂၀၂၂ခုနှစ် ဧပြီလ(၂၅)ရက်နေ့တွင် နေအိမ်အတွင်း သေနတ်ဖြင့် (၁၁)ချက်ပစ်သတ်ခံရကြောင်း သိရသည်။
ယင်းသို့ လုပ်ဆောင်မှုတွင် DRM Rangers Mandalay နှင့် မဟာမိတ် အဖွဲ့ နှစ်ဖွဲ့ တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။
"ပျူဒလန် ဗိုက်ကလေး နှင့် တပည့်ကျော် တစ်ကောင် တို့ အိမ်အတွင်း မန်ယူအတင်းပြောနေစဥ်(ဟာသနှောခြင်း) နှုတ်ခမ်းနီ မိုး ကွက်ရွာ၍ အဆုတ်အအေးပတ်ပြီး tay သွားကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။ "ဟု DRM Rangers Mandalay က သတင်းထုတ်ပြန်ထားသည်။
Tachileik News Agency
မန္တလေးတွင် စစ်ကောင်စီအဖွဲ့၏ သတင်းပေးဒလန်ဟု နာမည်ထွက်နေသူကို DRM နှင့် အဖွဲ့က နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်း
Reviewed by THITHTOOLWIN
on
20:05
Rating:
No comments:
Post a Comment